ပုစွန်ဆိတ်အိုးကပ်

ပုစွန်ဆိတ်အိုးကပ်..

1

ပုစွန်ဆိတ်................၂၀ကျပ်သား

ကြက်သွန်နီ.. ...........၁လုံး

ကြက်သွန်ဖြူ.. ..........၅တက်

ခရမ်းချဉ်သီး.............၃လုံး

ငရုတ်ခြောက်တောင့်...၃တောင့်

ငရုတ်သီးစိမ်း.. ..........၅တောင့်

ရှမ်းနံနံ.....................၃ပင်ခန့်

ပုစွန်ဆိတ်လေးတွေကိုခေါင်းချိုးပြီးရေဆေးသန့်စင်ပါ။

ဆား၊ဟင်းခတ်မှုန့်အနည်းငယ်ဖြင့်အရသာနယ်ထားပါ။

ကြက်သွန်နီ၊ဖြူ ၊ငရုတ်ခြောက်တောင့်တွေကိုညှက်နေအောင်ထောင်းပါ။

ခရမ်းချဉ်သီးကိုပါးပါးလှီးပြီးငရုတ်သီးစိမ်းကို ၃ပိုင်းခန့်ပိုင်းလှီးပေးပါ။ရှမ်းနံနံကိုပါးပါးလေးလှီးထားပါ။

ဒယ်အိုးတစ်လုံးရဲ့အောင်ခြေမှာထောင်းထားတဲ့အရောကိုဖြန့်ခင်းပါ။

နနွင်းနှင့်အရောင်တင်မှုန့်အနည်းငယ်ထည့်ပါ။ပါးပါးလှီးထားတဲ့ခရမ်းချဉ်သီးများဖြင့်ဖုံးအုပ်ပါ။

ဒယ်အိုးနှုတ်ခမ်းသားပတ်လည်မှာဆီအနည်းငယ်လောင်းထည့်ပါ။ထောင်းထားတဲ့ငရုတ်ဆုံကိုရေအနည်းငယ်နှင့်ကျင်းပြီးထည့်ပါ။

မီးရှိန်အေးအေးမှာအဖုံးပိတ်ပြီးချက်ပါ။ရေခမ်း၊ဆီပြန်၊အနှစ်ကျလာပြီဆိုမှအရသာနယ်ထားတဲ့ပုစွန်ဆိတ်တွေထည့်မွှေပါ။

၃ပိုင်းလှီးဖြတ်ထားတဲ့ငရုတ်သီးစိမ်းလေးတွေလည်းထည့်မွှေပေးပါ။

အဖုံးပြန်ဖုံးပြီးရေခမ်း၊ဆီပြန်လာအောင်ဆက်ပြီးချက်ပေးပါ။

ဆီပြန်လာလျှင်ပါးပါးလှီးထားတဲ့ရှမ်းနံနံလေးတွေဖြူးထည့်ပြီးအိုးကပ်သည်အထိချက်ပေးပါ။

Credit : (Facebook Share)

Ingredients

Directions