ပုစွန်ချဉ်လုပ်နည်း

အိမ်မှာ မေမေလုပ်တဲ့နည်းကို မျဝေလိုက်ပါတယ်

1

ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ

ဇကာနဲ့ရေခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ နာရီဝက်လောက်ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ

နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော်ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ

ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ည ထားလိုက်ပါ

နောက်တနေ့အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ်မှောက်ထားပေးပါ

ပုစွန်ချဉ်ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ

အဲဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ

ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်ပါ

ငါးချဉ်ကို အိမ်မှာတော့ ငါးခုံးမနဲ့လုပ်ပြီး ရေစစ်ရင် အပေါ်ကနေ အလေးတခုခုနဲ့ဖိထားရပါတယ် ကျန်တာတော့ ဒီနည်းအတိုင်းပဲလုပ်ပါတယ်

ပုစွန်ချဉ်သုပ်ကို ကြက်သွန်နီ ဆီ ငရုတ်သီးအကျက်မှုန့် ရှမ်းနံနံ စပါးလင်နဲ့ ရောပြီးသုပ်စားပါတယ်

Credit: မွန်မ လက်ရာ စားစရာ

Credit : Facebook Shares

Ingredients

Directions