ပုစွန်ကျားကြော်နှပ်-ချက်နည်း

1

ပုစွန်ကျား.............၂၅ကျပ်သား

ကြက်သွန်နီ....... ...၁လုံး

ကြက်သွန်ဖြူ..........၅တက်

ချင်းသေးသေး.........၁တက်

ခရမ်းချဉ်သီး...........၃လုံး

နံနံပင်..................အနည်းငယ်

ပုစွန်ကျားတွေကိုရေဆေးသန့်စင်ပြီးအခွံခွာ၊ ခေါင်းချိုးပါ။ကြက်သွန်ဖြူ ကိုညှက်အောင်ထောင်းထည့်ပြီးအရသာအနည်းငယ်နှင့်နယ်ပြီးနှပ်ထားပါ။

ချင်းကိုအမျှင်သေးလေးများလှီးပါ။

ခရမ်းချဉ်သီးနှင့်ကြက်သွန်ကိုလေးစိတ်(သို့) ခြောက်စိတ်ခန့်လှီးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးအရသာနယ်ထားသောပုစွန်တွေကိုအပေါ်ယံကြောတွေတင်းသွားအောင်ထည့်ကြော်ပြီးပြန်ဆယ်ယူထားပါ။

လက်ကျန်ဆီမှာချင်းနှင့်ကြက်သွန်နီကိုဦးစွာထည့်ပြီးဆီသတ်ပါ။နနွင်းမှုန့်လေးအနည်းငယ်ထည့်ပါ။

မွှေးလာလျှင်ခရမ်းချဉ်သီးတွေထည့်ပြီးငါးငံပြာရည်၊ဟင်းခတ်မှုန့်ဖြည့်စွက်ပြီးအဖုံးအုပ်ထား

ဆီပြန်ပြီးအနှစ်ကျလာလျှင်ကြော်ပြီးစစ်ထားးတဲ့ပုစွန်တွေထည့်ပြီးမွှေပေးပါ။

ငရုတ်သီးစိမ်းခွဲခြမ်းလေးလည်းထည့်နိူင်ပြီး နံနံပင်လေးလဲအုပ်ပေးနိူင်ပါတယ်။

Credit: WinNaingThein

Credit : Facebook Shares

Ingredients

Directions