ပီကင်းဘဲကင်

1

ပီကင်းဘဲကင်
-------------------------------
ဘဲကင်ရန် ပါဝင်ပစ္စည်များ

ဘဲ – ၁ကောင် (၅-၆ ပေါင်)
-------------------------------
ဘဲသားပြုတ်ရန် ပါဝင်ပစ္စည်းများ

ရေ – ၃လီတာ
လိမ္မော်သီး – ၁လုံး (အဝိုင်းလှီးပေးပါ)
ဘဲ – ၁ကောင် (၅ – ၆ပေါင်)
ရှာလကာရည် – ခွက် ၃ပုံ၁ပုံ
Hoisin ဆော့ – စားပွဲတင်ဇွန်း ၄ဇွန်း
ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
နတ်နတ်ပွင့် – ၄ခု
ကလဝေရွက် – ၄ရွက်
-------------------------------
ဘဲသား အစာသွပ်ရန်ပါဝင်ပစ္စည်းများ

Hoisin ဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
ဂျင်း – ၄ပြား
ကလဝေရွက် – ၃ရွက်
နတ်နတ်ပွင့် – ၄ခု
ဂျင်း – ၃ပြား
သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
တရုတ်မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီး)
ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်မြိတ် – စည်းဝက် (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
-------------------------------
ဘဲသားနှပ်ထားရန် ပါဝင်ပစ္စည်းများ

ပျားရည် [honey] ♦ စားပွဲတင်ဇွန်း ၆ဇွန်း
ရှာလကာရည် [vinegar] ♦ စားပွဲတင်ဇွန်း ၂ဇွန်း
ဆန်ဝိုင် [rice wine] ♦ စားပွဲတင်ဇွန်း ၂ဇွန်း (CityMart တွင် ဆန်ဝိုင်ကို ဝယ်ယူနိုင်ပါသည်)
တရုတ်ဟင်းခတ် [chinese five-spice ] ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆား [salt] ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆီ [vegetable oil] ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်ဖြူ [garlic] ♦ ၁မွှာ (မညက်မညက်ထောင်းပါ)
-------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဘဲသားကို အတွင်း၊အပြင် သေချာ သန့်စင်ပေးပါ။

၂။ ပြီမှ ဘဲတောင်ပံ၊ ခေါင်း၊ လည်ပင်းတို့ကို လှီးထုတ်လိုက်ပါ။

၃။ ထို့နောက် သန့်စင်ပြီသား ဘဲသားကို ခြောက်သွေ့အောင် အဝတ်သန့်ဖြင့် သုတ်ပေးပါ။
-------------------------------
ဘဲသားထဲ အစာသွပ်နည်း

၁။ ဘဲသားထဲ အစာသွပ်ရန်ပါဝင်ပစ္စည်းများ ဖြစ်သော (ဂျင်း၊ Hoisine ဆော့၊ ကလဝေရွက်၊ နတ်နတ်ပွင့်၊ ဂျင်း၊ သစ်ဂျပိုးမှုန့်၊ တရုတ်မဆလာ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ကြက်သွန်မြိတ်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီလျှင် အစာသွပ်ရန် ရောနုယ်ထားသည်များကို ဘဲအတွင်းသို့ အစာသွပ်ပေးပါ။

၃။ အစာသွပ်ပြီလျှင် ဘဲအတွင်းပိုင်း အရေပြားကို ဝါးတုတ်ပြီ လုံအောင် ပြန်ချုပ်ပေးရမှာ ဖြစ်ပါသည်။
-------------------------------
ပြုတ်နည်း

၁။ အစာသွပ်ပြီလျှင် ဒယ်အိုးကြီးထဲ ရေ(၃လီတာ)ထည့်ပြီ ဆူအောင် တည်ထားပါ။

၂။ ဆူလာလျှင် ဘဲပြုတ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (ရှာလကာရည်၊ Hoisin ဆော့၊ ကလဝေရွက်၊ နတ်နတ်ပွင့်၊ ပျားရည်၊ လိမ္မော်သီး) တို့ကို ထည့်ပြီ ဆူအောင် ၄မိနစ်ခန့် တည်ပေးပါ။

၃။ ပြီနောက် ထိုဒယ်အိုးထဲ ဘဲအကောင်လိုက်ထည့်ပြီ ၁မိနစ်ခန့် အရေခွံတင်းလာသည်အထိ ပြုတ်ပေးရမှာပါ။

၄။ ပြီလျှင် ဘဲကို ပြန်ဆယ်ထားပေးပါ။
-------------------------------
ကင်နည်း

၁။ ဆော့ရည်အတွက် (ပျားရည်၊ ဆန်ဝိုင်၊ ရှာလကာရည်၊ တရုတ်မဆလာ၊ ဆား၊ ကြက်သွန်ဖြူ၊ ဆီ) တို့ကို သမအောင် ရောမွှေပေးပါ။

၂။ ပြီမှ ဆော့ရည်များကို ဘဲတစ်ကောင်လုံး ပေါ်သို့ လောင်းချပြီ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၈နာရီ (သို့) တညသိပ် ပေးရမှာပါ။

၃။ Oven နဲ့ကင်မည်ဆိုလျှင် ၁၆၀ ဒီဂရီဖြင့် မိနစ် ၄၀ခန့်ကင်ပေးရမှာ ဖြစ်ပါသည်။

၄။ ဘဲကင် ရွှေညိုရောင်သန်းလာလျှင် နောက်ထပ် ၁၈၀ ဒီဂရီဖြင့် မိနစ်၂၀ခန့် ဘဲအရေခွံကြွပ်သည် အထိ ကင်ပေးပါ။

၅။ အရသာရှိသော ပီကင်းဘဲကင်ကို ပန်ကိတ်၊ ဆော့ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Credit : Facebook Shares

Ingredients

Directions