ပိန်းဥ အစာသွပ်ကြော်

1

ပိန်းဥ အစာသွပ်ကြော်

သက်သက်လွတ် စားသူတွေအတွက် ခံတွင်းတွေ့စေမယ့် ပိန်းဥ အစာသွပ်ကြော် လုပ်နည်းလေးပါ။ ပိန်းဥထဲကို အရင်ပေါင်းပြီမှ ပြန်ခြေကာ ပိန်းဥထဲ မုန်လာဥနီ၊ ပဲသီး၊ မှို၊ ပဲတို့ကို အစာသွပ်ပြီ ပြန်ကြော် ထားတာပါ။ စားလို့လည်း အရမ်းကောင်းတာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

ပိန်းဥဒိုးတွင် ပါဝင်ပစ္စည်းများ

ပိန်ဥ – ၂၀၀ ဂရမ်
ကော်မှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း
Five spice powder – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ (တရုတ်ဟင်းခတ် အမွှေးအကြိုင်)

ဆား – လက်ဖက်ရည်ဇွန်း တဝက်
သကြား – စားပွဲတင်ဇွန်း တဝက်
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
-------------------------------------
အစာသွပ်ရန် ပါဝင်ပစ္စည်းများ

Shiikae မှိုပွင့်ဖြူ – ၅ခု (ရေနွေးပြုတ်ပြီ အတုံးသေးများ တုံးထားပါ)
မုန်လာဥနီ – ခွက်တဝက် (အတုံးသေးများ တုံးထားပါ)
ပဲ(baked bean) စည်သွပ် – ခွက်တဝက်
ပဲသီး – ခွက်တဝက်
ကြက်သွန်ဖြူ – ၂မွှာ (နှတ်နှုတ်စဉ်းပါ)
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
ရေ – ခွက်တဝက် (၁၀၀ မီလီလီတာ)
Vegetarian ခရုဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
ပဲငံပြာရည်(အချို) – စားပွဲတင်ဇွန်း တဝက်
ဆား – လက်ဖက်ရည်ဇွန်း တဝက်
သကြား – လက်ဖက်ရည်ဇွန်း တဝက်
-------------------------------------
ပိန်းဥဒိုး လုပ်နည်း

၁။ အရင်ဆုံး ပိန်းဥများကို ပေါင်းအိုးဖြင့် မိနစ် ၂၀ခန့် နူအိသည်အထိ ထည့်ပေါင်းပေးပါ။

၂။ ပြီလျှင် အခွံနွှာပြီ ခြေတံဖြင့် ပိန်းဥများကို ကြေသည်အထိ ခြေပေးပါ။

၃။ ထို့နောက် ခွက်တစ်ခုထဲ (ပိန်းဥ၊ ကော်မှုန့် ၊ five spice powder၊ ဆား၊ သကြား) တို့ကို သမအောင် ပိန်းဥဒိုးသား နူညံ့သည်အထိ ရောနုယ်ပေးပါ။

၄။ ပြီနောက် ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ သမအောင် ရောနုယ်လိုက်ပါ။
-------------------------------------
ပိန်းဥ အစာသွပ်ရန် ပြင်ဆင်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ပြီနောက် မှို၊ ပဲသီး၊ မုန်လာဥနီ၊ ပဲ၊ တို့ကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။

၃။ အရသာအတွက် ပဲငံပြာရည်၊ ခရုဆီ၊ ရေ(ခွက်တဝက်)၊ ဆား၊ သကြား တို့ကို ထည့်ပြီ ဆီပြန်သည်အထိ ရောမွှေပေးပါ။

၄။ ပြီနောက် မီးပိတ်ပြီ ခွက်တစ်ခုထဲ ထည့်ကာ အအေးခံထားပေးပါ။
-------------------------------------
ပိန်းဥ အစာသွပ်နည်း

၁။ ခု စပြီ အစာသွပ်ရန် ပိန်းဥဒိုးများကို ၁လုံးများအရွယ် ၆ခု လက်ဖြင့် အလုံးလေးများ လုံးလိုက်ပါ။

၂။ ပြီနောက် ပုံတွင် ပြထားသည့်အတိုင်း ပိန်းဥဒိုးတစ်ခုကို အပြားလုပ်၊ ဟင်းသီးဟင်းရွက်အစာသွပ်၊ ပြီလျှင် ဒိုးသားဖြင့် ပြန်ပိတ်ပေးကာ အလုံးရှည်လေးများ ပြုလုပ်ပါ။

၃။ ထိုနည်းအတိုင်း ကျန်ပိန်းဥများကို အစာသွပ်ပေးပါ။

၄။ ပြီလျှင် ပိန်းဥအစာသွပ်များကို ကော်မှုန့်များ အနည်းငယ် ကပ်ပေးပါ။

၅။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ပိန်းဥအစာသွပ်များကို ရွှေညိုရောင် သန်းသည်အထိ ကြော်ပေးပြီ ပြန်ဆယ်ထားပါ။

၅။ အရသာရှိသော သက်သက်လွတ် ပိန်းဥ အစာသွပ်ကြော်များကို သုံးဆောင်နိုင်ပါပြီ…
-------------------------------------
#Credit WutyeeWFood House
------------------------------------- See less

Credit : Facebook Shares

Ingredients

Directions