ပိန်းဥနှင့်ပုစွန်

ပိန်းဥနှင့်ပုစွန်ဟင်း

1

ပိန်းဥကိုအခွံနွှာ ရေစင်အောင်ဆေးထားပါ။

ပုစွန်ကိုရေဆေးပြီး အခွွံခွာကာ ဆား၊နနွင်းနယ်ထားပါ။

ထိုနောက် ညက်အောင်ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းမှုန့် အနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးလာပါက ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်နှင့် ငါးပိစိမ်းစားအနည်းငယ်ကို အရည်ဖျော်ပြီး ထည့်ပါ။

ငါးပိနံ့ ပြောက်လာလျှင် နယ်ထားသောပုစွန် များကိုထည့်ပြီးမွှေပေးပါ။

ပြီးလျှင် အခွံနွှာထားသော ပိန်းဥများကို ထည့်ပြီးမွှေပေးပါ။

ရေများပွက်ပွက်ဆူလာလျှင် စိမ်ထားသော မကျီးသီးမှည့် အရည်ကို ပုစွန်နှင့်ပိန်းဥ အနည်း အများပေါ်မူတည်၍ မှန်းထည့်ကာ ရေအနည်းငယ်ကိုပါထည့် ပေးပါ။

ပိန်းဥလည်းနူး၊မကျီးရည်လည်း ပွက်ပွက်ဆူလာပြီး ကျက်လျှင် အပေါ့၊အငံ မြည်း၍ ပင်စိမ်းရွက်အုပ်ကာ ပင်စိမ်းနံ့လေး မွှေးပျံ့ပြီး အရသာရှိသော ပိန်းဥနှင့်ပုစွန်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

Credit : ဒေါ်ပုလက်ရာ (Facebook Share)

Ingredients

Directions