ပိန္နဲသီးဟင်း

1

ပိန္နဲသီးဟင်း ♡
❀ ❀ ❀
ပိန္နဲသီးနုနုကိုကြော်စားချက်စားသုပ်စားပုံစံအမျိုးမျိုးလုပ်စားလေ့ရှိကြပါတယ်။ သိပြီးသားလည်းရှိသလိုမသိသေးသူများအတွက်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ပိန္နဲသီးနုနု - တလုံး
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း
ဆူးပုတ်ရွက် - နှစ်စည်း
နနွင်း - အနည်းငယ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် -တစ်ဇွန်း
ဆီ - အနည်းငယ်
ရှမ်းပဲပုတ်ထောင်း - ၂ဇွန်း
ပြင်ဆင်ချက်ပြုတ်ပုံ
*************
1.ဦးစွာပိန္နဲသီးနုနုကိုအခွံခွာပြီးအကွင်းလိုက်လှီးကာရေဆူတွင်ဆားအနည်းငယ်ထည့်ပြီးပြုတ်ပါ။အစေးဓာတ်ကုန်သည်ထိနှစ်ရေသုံးရေလဲပြီးပြုတ်ပါ။ပြီးလျှင်ဆယ်ယူရေစစ်ထားပါ။
2.ရေစစ်ပြီးပါကအလည်အူတိုင်ဖယ်ထုတ်ပြီးလိုသလိုအတုံးငယ်များလှီးဖြတ်ထားပါ(အချို့ဒေသများတွင်ပြုတ်ပြီးသားဝယ်ယူရရှိနိုင်ပါသည်။အစိမ်းဖြင့်လည်းချက်နိုင်ပါတယ်)
3.အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးကြက်သွန်ဆီသပ်ပါ။
အရောင်ရပါကနနွင်းကြက်သွန်ဖြူဂျင်းထောင်းထည့်ပါ။
4.ဆီသပ်နံ့မွေးလာပါကလှီးပြီးသားပိန္နဲသီးကိုထည့်ပြီးဆားဟင်းခပ်မှုန့်ထည့်ပြီးတည်ပါရေအနည်းငယ်ဆီထည့်ပြီးမွေပေးပါ။
(၅)ပိန္နဲသီးအတော်နူးအိပါကခရမ်းချဉ်သီးထည့်ပါ။ဆူးပုတ်ရွက်ခပ်ပြီးမီးဖိုမှချပြီးတည်ခင်းနိုင်ပါပြီ။ရှမ်းပဲပုတ်ထည့်လိုကထည့်ပါ (ဆူးပုတ်အရသာသီးသန့်ချက်လို၍မထည့်ထားပါ)။အစပ်စားလိုပါကငရုပ်သီးစိမ်းထည့်ပါ။ မိမိနှစ်သက်ရာအသားဖြင့်လည်းတွဲချက်နိုင်ပါတယ်
................
Credit Sofia See less

Credit : Facebook Shares

Ingredients

Directions