ပိန္နဲသီးဆူးပုတ်ချက်

1

ပိန္နဲသီးဆူးပုတ်ချက်

နွေရာသီဆို ပိန္နဲသီးတွေ ပေါလာသလို ပိန္နဲကွင်း ကို စျေးထဲရောင်းတာတွေ့ ရမှာပါ..... ရှမ်းပြည်တကြောဘက်က သူတွေက ပိန္နဲသီးကို ဆူးပုတ်နဲ့ ဟင်း ရည်သောက်လေးချက်စားတတ်ပါတယ်။ ငယ်ငယ်က အိမ်က ခြံထဲမှာပိန္နဲပင်တွေပေါပေမဲ့ အသီးခူးပြီး ဟင်း ချက်စားရင် အသီးအချိုပေါ့တယ်လို့ အဖွားက ဆိုတတ်သောကြောင့် ချက်စားခွင့်မရခဲ့ဘူး။ အခုလို ရှမ်းပြည်မှာနေရတော့ ပအိုဝ်စ်အမိုးတွေ ကွင်းရောင်းတာလေးကို တွေ့လို့ စားမိပြီး အိမ်မှာချက်သော ပုံစံလေးနဲ့ ချက်ကြည့် ကြပါမယ်။

ပါဝင်ပစ္စည်းများ
၁။ ပိန္နဲကွင်း ၄ကွင်း
၂။ ကြက်ရိုး ၁၀သား
၃။ ဆူးပုတ် တထုပ်
၄။ ငါးပိ လက်ဖက်ရည်တဇွန်း (4g)
၅။ ဆီ ထမင်းစား ၃ဇွန်း (15mls)
၆။ ဆား လက်ဖက်ရည်၂ဇွန်း ( 8 g)
၇။ ခရမ်းချဉ် တလုံး
၈။ ပဲပုတ် တချပ်
၉။ ကြက်သွန်ဖြူ တဥ
၁၀။ ဂျင်း လက်တဆစ်ခန့်
၁၁။ ဆနွင်း လက်ဖက်ရည်ဇွန်းတဝက် ( 2g )
၁၂။ ငရုတ်သီး လက်ဖက်ရည်တဇွန်း (2g)
၁၃။ ရေ 1.5liter (တလီတာခွဲ)

ဤဟင်းချက်နည်းကို
#အရက်_ယမ်းစိမ်း_တာရှည်ခံဓာတုဆေးကင်းစင်သည့် လက်မှတ်ရရှိထားသည့်အပြင် #ရသာစုံရွေးချယ်နိုင်သလို ဝက်အူစစ်စစ်ကိုသာ အသုံးပြုထားပြီး သန့်ရှင်းလတ်ဆတ်စွာ စားသုံးသူဆီ အချိန်မှီရောက်အောင် ပို့ဆောင်ပေးနေသော " #မိုးကောင်းကင်ကယားဝက်အူချောင်း_092542_47023 "မှမျှဝေပါသည်။

ပြုလုပ်ပုံ

ပိန္နဲသီးများကို ရေဆေးပါ။ အူတိုင်ဖယ်ထုတ်ပြီး အနေတော်တုံးထားပါ။ ရေဖြင့် ဆူပွက်ယုံ ပြုတ်ပြီး ဆယ်ထားပါ။ကြက်ရိုးသန့်စင်ပါ။
ကြက်သွန်ဖြူ ၊ဂျင်းရောထောင်းပါ။
အိုးထဲဆီထည့်ပါ။ကြက်သွန်ဖြူ ထောင်းကို ဆီသတ်ပါ။ ဝါရောင်သန်းလာလျှင် ငရုတ်သီးထည့် ကြက်ရိုးထည့်ပြီးညှီနံ့ပျောက်အောင်ဆီသတ်ပါ။
ရေထည့်ပါ။ ပြုတ်ထားသောပိန္နဲသီး ရောထည့် ၊ဆား ထည့်ပြီး ရေ မြုပ်ယုံ ထည့်ပါ။ ဟင်းအိုး တရည်ခမ်းအောင်တည်ပါ။ ခရမ်းချဉ်သီးကို အခွံမပါအောင် ခြစ်ယူပါ(blender နှင့်ကြိတ်လျှင်လည်းရပါတယ်) ။
ပဲပုတ်ကို မီးကင်ပြီးထောင်းထားပါ။
ဆူးပုတ်ရွက်ကိုသင်ထားပါ။
အရိုး နူးလျှင် ခရမ်းချဉ်သီးနှင့်ပဲပုတ်ထောင်းထားတာကို ရောထည့်ပါ။ အရသာမြည်းပြီး အဆင်သင့် သင်ထားသောဆူးပုတ်ရွက်ခပ်ပါ။ ပိန္နဲသီးဆူးပုတ်အရည်သောက်ဟင်းတခွက်ရပါပြီ။

Tips

☆ ပိန္နဲသီးအလုံးလိုက် ခွာပြီး ချက်သူများအတွက် အခွံမခွာမှီ လက်နှင့် ဓားကို ဆီများများအရင်သုတ်လိမ်း ပြီးမှခွာပါ.....အစေး ထွက်လာတတ်ပါသည်။

☆ အရင်တရည်ပြုတ်ခြင်းမှာ အဖန်ရည် ထွက်သွားစေရန်ဖြစ်ပါသည်။

Credit : Facebook Shares

Ingredients

Directions