ပန်းသီးပန်ကိတ်

1

ပန်းသီးပန်ကိတ်

အိမ်မှာ အလွယ်တကူပြုလုပ်နိုင်မယ့် ပန်းသီးပန်ကိတ်လုပ်နည်းလေးကို ပြောပြပေးမယ်နော်...။ ပန်းသီးတင်မဟုတ်ပဲသစ်သီးမျိုးစုံနဲ့လည်း ဖန်တီးလို့ရပါတယ်။

ပါဝင်ပစ္စည်းတွေက
ပန်းသီး - ၁ လုံး
ဂျုံမှုန့် - ခွက်သေး ၁ ခွက်
မုန့်ဖုတ်ပေါင်ဒါ - လက်ဖက်စားဇွန်း ၁ ဇွန်း
ထောပတ် - လက်ဖက်စားဇွန်း ၁ ဇွန်း
နို့ - ၁ ခွက်
သကြား - ထမင်းစားဇွန်း ၁ ဇွန်း
သစ်ချရည် (Vannilla) - လက်ဖက်စားဇွန်း ၁ ဇွန်း (မရှိရင် မထည့်လည်းရပါတယ်)

ပြုလုပ်နည်းအဆင့်ဆင့်
- ပထမဦးဆုံး ပန်းသီးလေးကို အခွံခွာ အစေ့ထုတ်ပြီး အတုံးလေးတွေ တုံးကာ Blender ထဲ ထည့်ကြိတ်ပေးပါ။
- ဂျုံမှုန့်နဲ့ မုန့်ဖုတ်ပေါင်ဒါကို ရောထားပါ။
- ပန်းကန်တစ်လုံးထဲမှာ ထောပတ်၊ သကြားကို အရင်ထည့်မွှေပါ။ ပြီးရင် ကြိတ်ထားတဲ့ ပန်းသီးပျော်ရည်နဲ့ နို့ထည့်ပါ။
- နောက်ဆုံးမှာ ဂျုံမှုန့် အရောအနှောတွေနဲ့ သစ်ချရည်ထည့်ပြီး သမသွားအောင်မွှေပေးပါ။
- ပြီးရင်တော့ အိုးမကပ်တဲ့ ဒယ်ပြားပေါ်မှာ ထောပတ်အနည်းငယ်သုပ်ပါ
- ပြီးရင် အသင့်ပြင်ထားတဲ့ ပန်ကိတ်ပျော်ရည်ကို ထမင်းစားဇွန်းလေးနဲ့ ချိန်ထည့်ပါ။
- မုန့်သားအပေါ်မှာ အပေါက်ပေါက်လေးတွေ ပေါ်လာတဲ့အခါမှ အပေါ်အောက်လှန်ပါ။ (ပန်ကိတ်လေးတွေ ပိုလှအောင်လို့ပါ)
- အားလုံးပြီးသွားရင်တော့ အကြိုက် ယိုလေးတွေစမ်းကာ ကျွေးနိုင်ပြီဖြစ်ပါတယ်။

Credit : Facebook Shares

Ingredients

Directions