ပန်းဂေါ်ဖီစိမ်း ချိစ်ပန်ကိတ်

1

ပန်းဂေါ်ဖီစိမ်း ချိစ်ပန်ကိတ်

ပန်ကိတ် ကို ပုံမှန်စားနေကျလို ပျားရည်လေးဆမ်းပြီး မစားတော့ဘဲ ပန်းဂေါ်ဖီစိမ်း နဲ့ ချိစ် ကို ရောစပ်ပြုလုပ်ထားတဲ့ ဆော့စ်နဲ့ ဆမ်းစား ရမှာပါ။
ပန်ကိတ် ကို ပုံမှန်စားနေကျလို ပျားရည်လေးဆမ်းပြီး မစားတော့ဘဲ ပန်းဂေါ်ဖီစိမ်းနဲ့ ချိစ်ကို ရောစပ်ပြုလုပ်ထားတဲ့ ဆော့စ်နဲ့ ဆမ်းစားရမှာပါ။

ပါဝင်ပစ္စည်းများ

Double Cream (၁၅၀) မီလီလီတာ၊ Parmesan cheese (အီတလီဒိန်ခဲအမာ) (၁၀၀) ဂရမ်၊ Cheddar cheese (ဒိန်ခဲအမာ) (၁၀၀) ဂရမ်၊ မရိုးနိစ် (၁၀၀) မီလီ လီတာ၊ နွားနို့ (၃၀၀) မီလီလီတာ၊ ကြက်ဥ (၂) လုံး၊ ထောင်းပြီးသား ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ဂျုံမှုန့်အလွတ် (၂) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး ဒယ်အိုးပြား အကြီးတစ်လုံးထဲမှာ double cream ကိုထည့်ပြီး ညင်သာစွာမွှေပေးလိုက်ပါ။ ပြီးမှ အမှုန့်ကြိတ်ထားတဲ့ cheddar cheese (ဒိန်ခဲအမာ) နဲ့ parmesan cheese (အီတလီဒိန်ခဲ) တို့ကိုပါ ဒယ်အိုးထဲရောထည့်ပြီး သမသွားသည်အထိ မွှေပေးလိုက်ပါ။ ပြီးရင် ဆားနည်းနည်းထပ်ရောပြီး ပါဝင်ပစ္စည်းအားလုံး ထူထဲစေးပျစ်တဲ့ ခရင်မ်ဆော့စ်အနှစ်တစ်မျိုး ဖြစ်လာသည်အထိ သေချာမွှေပေးလိုက်ပါ။

အဲဒီလိုလုပ်နေချိန်မှာ ပန်းဂေါ်ဖီ ဖတ်လေးတွေကိုတော့ ရေနွေးပူပူထဲမှာ (၂) မိနစ်ခန့် ရေနွေးဖျောထား ပေးရပါမယ်။ ပြီးရင်တော့ ဒယ်အိုးပြားနောက်တစ်လုံးထဲမှာ ပန်းဂေါ်ဖီပြုတ်ဖတ်လေးတွေရယ်၊ ရေအေးနည်းနည်းရယ်ကို ရောပြီး တည်ထားပေးလိုက်ပါ။ ခနကြာရင်တော့ ညက်နေအောင်ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ မရိုးနိစ်ကိုပါ ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ခွက်တစ်ခွက်ထဲကို ပြောင်းလှယ်ထည့်ထားပေးလိုက်ပါ။

ပန်းကန်လုံးတစ်လုံးကိုယူပြီး ကြက်ဥရယ်၊ ဒိန်ခဲမှုန့်ရယ်၊ ဂျုံမှုန့်ရယ်၊ ဆားရယ်ကိုရောပြီး အနှစ်လေးဖြစ်အောင် ဖန်တီးပေးလိုက်ပါ။ ပြီးရင် နွားနို့နည်းနည်းကို ညင်သာစွာ ရောထည့်ပေးလိုက်ပါ။ နောက်ပြီးရင် သင်္ဘောဆေးလို ပျစ်သွားသည်အထိ ယောက်ချိုဇွန်းလေး တစ်ချောင်းနဲ့ မွှေပေးနေလိုက်ပါ။ မီးဖိုပေါ်မှာတော့ ဒယ်အိုးပြားကို မီးအပူပေးလိုက်ပြီး ထောပတ်နည်းနည်းထည့်ထားလိုက်ပါ။

ထောပတ်ဆီ အရည်ပျော်သွားပြီဆိုရင်တော့ ခုနက ယောက်ချိုဇွန်းနဲ့မွှေနေတဲ့ မုန့်နှစ်လေးကို ဒယ်အိုးပြား ထဲလောင်းထည့်လိုက်ပါ။ ပြီးရင်အပေါ်က သံယောက်မလေးနဲ့ လိုက်ဖိပြီး ပန်ကိတ်လေးဖြစ်အောင် ကြော်ပေးနိုင်ပါပြီ။ တစ်မိနစ်ခန့်ကြာရင် ထက်အောက်လှန်ပေးပြီး နှစ်ဖက်စလုံး အညိုရောင်နုနုလေး သမ်းလာသည်အထိ ကြော်ပေးလိုက်ပါ။

Credit : Facebook Shares

Ingredients

Directions