ပင်လယ်စာ စတူး

1

“ပင်လယ်စာ စတူး”

အစားအသောက်ချစ်လူကြီးမင်းတို့ အားလုံးကို သရေကျစေမယ့် ကိုရီးယား ဟင်းလျာတစ်မျိုးကို အခုပဲ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ် ။ ဒါကတော့ “ ပင်လယ်စာ စတူး” ဟင်းလျာပဲ ဖြစ်ပါတယ် ။
. ကဲ ဘယ်လို ချက်ကြမလဲ ကြည့်လိုက်ကြစို့နော်.!!!

ဂဏန်း ၂ကောင် ၊ ပုဇွန် ၅ကောင် ၊ ယောက်သွား ၂ထုပ် ၊ ကမာကောင် ၂ထုပ်၊ sea squirt ၁ထုပ် ၊ မုန်လာဥ ၁စိတ် ၊ နံနံပင် ၊ ကြက်သွန်မြိတ် ၁စည်း ၊ ငရုတ်သီး ၃တောင့် ၊ငါနီးတူး စွပ်ပြုတ် ရည် ၁.၃L ၊ ငရုတ်သီးမှုန့် ၄ဇွန်း ၊ ပဲငံပြာရည် အကြည် ၂ဇွန်း ၊ ပဲငပိ ၁ဇွန်း ၊ cooking rice wine ၂ဇွန်း ၊ ကြက်သွန်ဖြူ တောက်တောက်စင်း ၁ဇွန်း

ပြုလုပ်နည်း
ကျွန်မကတော့ အကုန်လုံး Package တစ်ထုပ်တည်းနဲ့ အပြီး ဝယ်လာတာမလို့ အဆင်ပြေနေပါတယ် ။ ဂဏန်း လည်းပါပြီးသား ၊ ပင်လယ်စာ စတူးမှာ ဆိုရင်တော့ sea squirtက လန်းဆန်းတဲ့ အရသာကို အေးနိုင်တာမလို့ မပါမဖြစ်ပါပဲ...(မင်မင်တို့ဆီမှာတော့ သိပ်မမြင်ဖူးပါဘူး) ယောက်သွား နဲ့ ကမာလည်း ပါဝင်တာမလို့ အရသာကတော့ ပြောပြစရာ စကားရှိမှာ မဟုတ်ဘူး
ဂဏန်းကိုင်တဲ့ နည်းကတော့ အပေါ် ကျောခွံက အခွံကို ခွါပြီး ပါးဟက် နဲ့ အတွင်းသားကို သက်သက် ခွါထားပါ ။ ပုဇွန်းကိုလည်း အမွှေးရှည်ကြီးတွေဆို ညှပ်ပေးရပါမယ် ။
အရင်ဆုံး ကမာကောင်ကို အချွဲအကျိတွေ သန့်ရှင်းပေးရမယ်ဆိုပေမယ့် တခါတည်း ကိုင်ပြီးသားဆိုတော့ အိုကေပဲလေ ။ ဒါပေမယ့်လည်း ဆေးတော့ ဆေးပေးရပါဦးမယ် ။ ကမာ၊ယောက်သွား မှာ အခွံ ကွဲနေတာတွေ အသားတွေ ထွက်နေတာကို ဖယ်ပြီး ဆေးကြောပေးပါ ။
ပင်လယ်စာတွေကို သန့်သန့်ရှင်းရှင်းဆေးပြီးတဲ့အခါ အသီးအရွက်တွေ ပြင်ဆင်မယ် ။ မုန်လာဥကို ထူထူဝိုင်းဝိုင်းလှီးပြီး ကြက်သွန်မြိတ် နဲ့ ငရုတ်သီးကိုတော့ တစ်စောင်းပါးပါး လှီးမယ် ။နံနံပင်ကိုတော့ အလယ်ကနေ ချိုးပေးလိုက်ပါတယ်
။ဒီတိုင်းရိုးရိုးရေနဲ့လည်း ရပေမယ့် အရသာပိုရှိအောင် ငါနီးတူးပြုတ်ရည်ကို သုံးပါမယ် ။ အပြုတ်ရည်မှ သုံးကိုသုံးရမယ်တော့ မဟုတ်ပါဘူး ။ရိုးရိုးရေထဲကို ရေညှိစိမ်ထားပြီး သုံးလည်းရပါတယ် ။ အရင်ဆုံး ကြာကြာပြုတ်ရမယ့် မုန်လာဥကနေ စထည့်မယ်။ဒါဆို အနှစ်ထည့်ပါမယ် ။ ပင်လယ်စာစတူးထဲကို ပဲငပိ ထည့်တယ်ဆိုတာ ပင်လယ်စာတွေရဲ့ အနံ့တွေပျောက်အောင် လုပ်တာမလို့ နည်းနည်းပဲ ထည့်ပါမယ်။ ချေထည့်ရတာ ရှုပ်တယ် ထင်ရင် ဇကာထဲကနေ ချေထည့်လို့လည်းရတယ်နော် ။
ဒီနေရာမှာ ငရုတ်သီးမှုန့် ၊ပဲငံပြာရည် ၊ ကြက်သွန်ဖြူ နုပ်နုပ်စင်း ၊ cooking rice wineတို့ကို ထည့်ပြီး တည်ထားမယ် ။မုန်လာဥကို အနည်းငယ် ကြည်လာတဲ့အထိ တည်ထားပါမယ်
ပြီးရင် ဆေးထားတဲ့ ပင်လယ်စာတွေ ထည့်မယ် ။ ခုမှ သတိရတာ ကင်းမွန်ဖြစ်ဖြစ် ရေဘဝဲဖြစ်ဖြစ် တစ်ကောင်လောက် ထည့်ခဲ့ရမှာကို ....
တကယ်လို့ရှိတယ် ဆိုရင် အခုမထည့်ဘဲ ကမာကောင် ပါးစပ်ပွင့်ပြီ ဆိုမှ ထည့်ပါ ။ ကင်းမွန်က အကြာကြီး မပြုတ်ရဘူးလေ ။ဂဏန်းနဲ့ ပုဇွန်ကိုပါ ထည့်လိုက်လို့ရပါပြီ
ပင်လယ်စာတွေ လည်းကျက်ရမှာ ဖြစ်သလို အရသာလည်း ကောင်းရမှာလို့ ပွက်ပွက်ဆူတဲ့ အထိ ပြုတ်ထားပါ ။
ပွက်ပြီဆိုရင် အရသာမြည်းကြည့်ပြီး ပေါ့သေးတယ် ထင်ရင် အနည်းငယ် လိုအပ်တာ ထပ်ထည့်ပေါ့နော် ..... ။
အရသာလည်း သေချာမြည်းထည့်ထားမယ် ဆိုရင်ကြက်သွန်မြိတ်နဲ့ ငရုတ်သီး ထည့် ၊ နံနံပင်ထည့် ဒါဆိုရင် ပြီးပြီ....
ပွက်ပွက် ဆူအောင် တည်ထားတဲ့ လတ်ဆတ်တဲ့ ပင်လယ်စာ စတူးဖြစ်ပါတယ် ။

Credit : Facebook Shares

Ingredients

Directions