ပင်လယ်စာ ကင်ချီဟင်းရည်

1

ပင်လယ်စာ ကင်ချီဟင်းရည်

ပင်လယ်စာ ကင်ချီဟင်းရည် အတွက် လိုအပ်တာလေးတွေ…

1. ကြက်ပြုတ်ရည် (သို့) ဝက်ပြုတ်ရည် – 9 cups (2250 ml)
2. ကင်ချီ အဖတ် နှင့် အရည်- 2 cups (500 ml)
3. ကိုးရီးယား ငရုတ်သီးမှုန့် hot pepper powder (သို့) ကိုးရီးယား ငရုတ်သီးအနှစ် hot pepper paste – ထမင်းစားဇွန်း ၁ ဇွန်း
4. ငါးငံပြာရည် – ထမင်းစားဇွန်း ၆ ဇွန်းခန့်
5. chicken powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်
6. ကြိုက်နှစ်သက်ရာ ပင်လယ်စာ – ထမင်းစားပန်းကန်ပြား တစ်ချပ်စာခန့်
7. ငုံးဥပြုတ် – ၁ ဗူး (အလုံး ၂၀ ခန့်)
8. ၁ နာရီခန့် ရေစိမ်ပြီး ရေစစ်ကာ လှီးထားသော ကြွက်နားရွက်မှို – 1 cup (250 ml) ခန့်
9. ရေဆေး အမြစ်ဖြတ်ထားသော ပင်အပ်မှို (Enoki Mushroom) – 400 g
10. ကြိုက်နှစ်သက်သလို လှီးထားသော တိုဟူး အတုံးကြီး – ၁ တုံး (275 g)
11. ၁ လက်မအရှည်ခန့် ခပ်စောင်းစောင်း လှီးထားသော ကြက်သွန်ပင် – 1/2 cup (125 ml) ခန့်
12. လှီးထားသော ငရုတ်သီးစိမ်း – လိုအပ်လျှင် ထည့်ပါ။

ပွက်ပွက်ဆူနေသော ကြက်ပြုတ်ရည် (သို့) ဝက်ပြုတ်ရည် ထဲ ကင်ချီ အဖတ်၊ အရည် နှင့် hot pepper powder (or) paste ကို ထည့်ပါ။

ပြန်ဆူလာလျှင် ပင်လယ်စာများ၊ ငုံးဥ၊ ငါးငံပြာရည် နှင့် chicken powder တို့ကို ထည့်ကာ အနည်းငယ်မွှေပြီး တည်ထားပါ။

ထပ်ပြီးပြန်ဆူလာသည်နှင့် ကြွက်နားရွက်မှို၊ ပင်အပ်မှို နှင့် တိုဟူးတို့ကို ထည့်ပြီး ၃-၄ ခါမွှေကာ ဆက်တည်ထားပါ။

နောက်တစ်ခါ ထပ်ဆူလာပါက ကြက်သွန်ပင် နှင့် ငရုတ်သီးစိမ်းထည့်ကာ အထက်အောက်လှန်မွှေပေးပြီး ဟင်းရည်အိုးကို မီးဖိုမှ ချကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Crd.chawsu See less

Credit : Facebook Shares

Ingredients

Directions