ပင်လယ်စာနှင့် သီးရွက်စုံ တုံယမ်းဟင်းချို

1

(Seafood with Vegetables Tomyum Soup)
.................................
ထိုင်းအစားအစာ ပြင်ဆင်ချက်ပြုတ်နည်းကို အခြေခံထားပြီး ရခိုင်ပြည် နယ်ဘက်က ပင်လယ်စာလတ်လတ်ဆတ်ဆတ်လေးတွေနဲ့ Fusion Style တွဲဆက်ပြင်ဆင်ပုံစံလေးနဲ့ ပြင်ဆင်ထားပါ တယ်။ ပြင်ဆင်ရတာ လွယ်ကူမြန်ဆန်သလို အရသာကလည်း အားလုံးကြိုက်ကြတဲ့ တုံယမ်းချဉ်စပ်လေးဆိုတော့ ထမင်း ဖြူလေးနဲ့ တွဲဖက်တည်ခင်းမယ်ဆိုရင် ထမင်းမြိန်စေမှာ သေချာပါတယ်။ မရွတ်လို့ခေါ်တဲ့ ခရုတစ်မျိုးရယ်၊ ပင်လယ်ခုံးခရု တစ်မျိုးရယ်၊ ပြည်ကြီးငါးနဲ့ ပင်လယ်ပုစွန်ကျားတို့နဲ့ချက်ထားတာမို့ ပင်လယ်စာကြိုက်နှစ်သက်သူတွေအတွက်တော့ စိတ် ကျေနပ်မှုရစေမှာပါ။ ချွင်းချက်အနေနဲ့ကတော့ သွေးထဲမှာ ယူရစ်အက်ဆစ် (Uric Acid) ပါဝင်မှုများသူတွေအတွက်တော့ မသင့်တော်ပါဘူး။ လူငယ်တွေအတွက် ပိုပြီးသင့်တော်မယ့် ဟင်းလျာလေးလို့ ပြောချင်ပါတယ်။ ပင်လယ်စာတွေကို ရုံး ပတီသီး၊ နှင်းပွင့်မှို၊ ခရမ်းချဉ်သီး၊ ပြောင်းဖူးငယ်၊ ရေမုန်ညင်းနဲ့ တမူထူးခြားစွာ ရှောက်ဘီလူးရွက်အစား ရှမ်းနံနံအနည်းငယ် အုပ်ပြီး ဟင်းချက်ခရင်မ်နဲ့ တွဲဖက်ထားတာမို့ အရသာထူးခြားမှာပါ။ တုံယမ်းအနှစ်ကို စပါးလင်၊ ပတဲကော၊ ငရုတ်ကောင်းတို့နဲ့တွဲဖက်ပြီး ပြင်ဆင်ထားတာမို့ အနံ့အရသာနဲ့ပြည့်စုံပြီး စူးရှစွာခံတွင်းရှင်းစေမယ့် ဟင်းလျာလေးပါပဲ။ ကဲ . . . တစ်မူထူးခြားတဲ့ ပင်လယ်စာနှင့် သီးရွက်စုံ တုံယမ်း ဟင်းချို လေးချက်ကြည့်လိုက်ရအောင် . . .

ပင်လယ်စာနှင့် သီးရွက်စုံတုံယမ်းဟင်းချိုပါဝင်ပစ္စည်းများ
.........................
- ပင်လယ်ပုစွန်ကျား - ၃ ကောင်
- ပြည်ကြီးငါး - ၂ ကောင်
- မရွက် - ၁၀ ကောင်
- ခုံးခရု - ၁၀ လုံး
- ပတဲကော - အနည်းငယ်
- စပါးလင် - ၃ ပင်
- တုံယမ်းအရသာခဲ - ၄ ခဲ
- ရုံးပတီသီး - ၃ တောင့်
- ငွေနှင်းမှို - အနည်းငယ်
- ပြောင်းဖူးငယ် - ၅ ဖူး
- ခရမ်းချဉ်သီး - ၁ လုံး
- ရှမ်းနံနံ - အနည်းငယ်
- ဟင်းချက်ခရင်မ် - ၁၅၀ မီလီလီတာ
- ရေမုန်ညင်း - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ပုံအညွှန်း
..........................
၁။ ပတဲကော၊ စပါးလင်နှင့် တုံယမ်းအရသာခဲကို ရေနွေးတွင် ပွက်ပွက်ဆူအောင် ကျိုထားပါ။
၂။ ရုံးပတီသီး၊ ငွေနှင်းမှို၊ ပြောင်းဖူးငယ်၊ ခရမ်းချဉ်သီး၊ ရှမ်းနံနံတို့ကို သန့်စင်ပြီး လှီးထားပါ။
၃။ ခုံးခရုနှင့် မရွတ်ခရုကျက်လျှင် အသင့်သန့်စင်ထားသော ပြည်ကြီးငါးနှင့် ပင်လယ်ပုစွန်ကျားထည့်ချက်ပါ။
၄။ အသင့်သန့်စင်ပြီးလှီးထားသော သီးရွက်စုံများ ထည့်ချက်ပြီး ဟင်းချက်ခရင်မ် အနည်းငယ်နှင့် ရေမုန်ညင်းတို့ ထည့်ချက်၍ တည်ခင်းပါ။
..................................
Crd.Chef ကိုဆန်နီ See less

Credit : Facebook Shares

Ingredients

Directions