ပင်လယ်စာနှင့်ပဲကြာဇံသုပ်နည်း
ကင်းမွန်...............၁၀ကျပ်သား
ပုစွန်သေး..............၁၀ကျပ်သား
ငါး(သို့)ဂဏန်းသား..၁၀ကျပ်သား
ပဲကြာဇံ.................၅ကျပ်သား
ကြွက်နားရွက်မှို........၁ခု
ကြက်သွန်နီဥကြီး.....၁လုံး
ခရမ်းချဉ်သီး.............၂လုံး
ငရုတ်သီးစိမ်းနီ..........၁၀တောင့်
ကြက်သွန်ဖြူ.............. ၇တက်
တရုတ်နံနံ..................၁စည်း
နံနံပင်အမြှစ်..............၁၀မြှစ်
ငါး(သို့)ဂဏန်း၊ကင်းမွန်၊ ပုစွန်တို့ကိုသန့်စင်ပြီးအနေတော်လှီးဖြတ်ကာအအေးခံတွင်ခေတ္တထားပါ။
ပဲကြာဇံနှင့်ကြွက်နားရွက်မှိုကိုရေစိမ်ထားပါ။
ငရုတ်သီးစိမ်းနီ၊ ကြက်သွန်ဖြူ နှင့်နံနံပင်အမြှစ်တို့ကိုရောပြီးခပ်ကြမ်းကြမ်းထောင်းပါ။
အိုးငယ်တစ်ခုအတွင်းသံပုရာရည်(၂)ဇွန်း၊ဗီနီဂါ(၁)ဇွန်း၊ ကင်းမွန်ငံပြာရည်(၃)ဇွန်း၊သကြား(၁)ဇွန်းတို့ကိုအပူပေးပါ။
ဆူလာလျှင်ထောင်းထားသောငရုတ်သီးနီ၊ကြက်သွန်ဖြူ အရောကိုထည့်ပြီး(၅)မိနစ်ခန့်ကျိုကာအအေးခံထားပါ။
ရေစိမ်ထားသောပဲကြာဇံကိုရေစစ်ပြီးကြွက်နားရွက်မှိုကိုခပ်ပါးပါးလှီးကာရေနွေးဆူဆူထဲထည့်ပြုတ်ပြီးရေအေးလောင်း၊အအေးခံထားပါ။
ထိုရေထဲသို့ ပင်လယ်စာတွေကိုကျက်သည်ဆိုရုံလေးထည့်ပြုတ်ပါ။
ဇလုံတစ်ခုအတွင်းမှာပဲကြာဇံ၊ပင်လယ်စာတို့ကိုထည့်ပြီး ခပ်ကြမ်းကြမ်းလှီးထားသော ကြက်သွန်နီ၊ခရမ်းချဉ်သီး၊ တရုတ်နံနံတွေဖြည့်စွက်ကာ အအေးခံထားသော ဆော့စ်ရည် လောင်းချပြီးခပ်ဖွဖွနယ်ပေးပါ။
ချို ၊ ချဉ်၊ ငံ ၊စပ်အရသာအတွက်လိုအပ်သလိုထပ်ပြီးမွှမ်းမံပြင်ဆင်နိူင်ပါတယ်။
Credit : Facebook Shares
Ingredients
Directions