ပင်လယ်စာခေါက်ဆွဲပြုတ်

1

အရသာအရမ်းရှိတဲ့ ကိုရီးယား
ပင်လယ်စာခေါက်ဆွဲပြုတ် (JJAMPPONG)

ဇာတ်လမ်းတွေနဲ့ Mukbang တွေမှာ ပဲခေါက်ဆွဲနဲ့အတူမှာစားနိုင်တဲ့ ပင်လယ်စာခေါက်ဆွဲပြုတ်စပ်စပ်လေး ကို သရေကျနေတာကြာပြီ။
ကိုယ့်လိုသရေကျနေတဲ့သူတွေလည်း ရှိမယ်ထင်တယ်နော်။ ကိုရီးယားစာဆို ဘယ်ချိန်ဖြစ်ဖြစ် ဆွဲမယ်ဆိုတဲ့ Foodie လေးတွေအတွက်
ပူပူစပ်စပ်လေးနဲ့ ခံတွင်းမြိန်စေတဲ့ ပင်လယ်စာခေါက်ဆွဲပြုတ် လုပ်နည်းလေးကို ပြောပြချင်လို့ …
ဘာတွေသွားဝယ်ကြမလဲဆိုတော့ …
ဂျုံခေါက်ဆွဲအဖြူ (promart ဆိုင်မှာ ရနိုင်ပါတယ်) ဒါမှမဟုတ် စပါဂတီခေါက်ဆွဲလည်း သုံးလို့ရပါတယ်။
ပုစွန်
ပြည်ကြီးငါး
ဂုံးကောင် ၊ ကြာယပ်ခုံး
• cooking oil - စားပွဲတင်ဇွန်း (၂)ဇွန်း
• ကြက်သွန်ဖြူ - (၃)မွှာ နုတ်နုတ်စင်းထားပါ
• ကြက်သွန်နီ - အသေးတစ်လုံး (ပါးပါးလှီးပါ)
• မုန်ညင်းထုပ်
• တရုတ်မုန်ညင်း (Bok Choy)

• gochujang (Korean Chili Paste) - စားပွဲတင်ဇွန်း (၄)ဇွန်း
• gochugaru (Korean chili powder) - စားပွဲတင်ဇွန်း (၁)ဇွန်း
• ကြက်ပြုတ်ရည် (သို့)ကြက်ရိုးပြုတ်ရည် - (၄)ခွက်
• ပဲငံပြာရည် - - စားပွဲတင်ဇွန်း (၂)ဇွန်း
• ဆား - အနည်းငယ်
ကြက်သွန်မြိတ် - (၂)ပင်

(၁) ခေါက်ဆွဲကို package တွင်ပြထားတဲ့အတိုင်းပြင်ဆင်ချက်ပြုတ်ထားပါ။
(၂) ဆီပူပူမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပြီး အနံ့မွှေးလာတဲ့အထိ မွှေပေးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ ရွှေညိုရောင်သန်းသွားပြီဆို ပင်လယ်စာတွေထည့်ပြီး ကိုရီးယားငရုတ်သီးမှုန့်နဲ့ ငရုတ်သီးအနှစ်ထည့်ပါ။ အစပ်ကြိုက်ရင်ငရုတ်သီးမှုန့်ပိုထည့်ပါ။ ပြီးရင်အားလုံးသမသွားအောင်မွှေပေးပါ။ ပင်လယ်စာတွေရဲ့ အနံ့မွှေးလာပြီဆိုရင် ကြက်ပြုတ်ရည်ထည့်ပါ။ (ပင်လယ်စာမှာ ရေဘဝဲ၊ ဂဏန်း ကိုယ်နှစ်သက်သလိုထည့်လို့ရပါတယ်)
(၃) ပြီးရင် ဆားနဲ့ ပဲငံပြာရည်ထည့်ပြီး ဂျုံခေါက်ဆွဲထည့်ပြီး မိနစ်(၃၀)လောက်ချက်ပါ။ ချကာနီး မုန်ညင်းတွေထည့်ပြီး အပေါ်က ကြက်သွန်မြိတ်ပါးပါးလှီးထည့်လိုက်ပါ။ ခေါက်ဆွဲက စပါကတီခေါက်ဆွဲဆိုရင်တော့ (၁၀)မိနစ်လောက်ချက်ရုံပါပဲနော်။

ဒါဆိုရင်တော့ အရသာရှိတဲ့
ကိုရီးယားပင်လယ်စာခေါက်ဆွဲပြုတ်ပူပူလေး ရပါပြီ။

Crd See less

Credit : Facebook Shares

Ingredients

Directions