နံရိုးပေါင်း ကြာဇံဆီချက်
နံရိုးပေါင်း ကြာဇံဆီချက်လေးနဲ့ အဖွဲ့ဝင်အသစ်ရဲ့လက်ရာပါ။ခုမှစတင်တာပါ။
ကျွန်မလုပ်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်
ဝက်နံရိုးတွေကိုအနေတော်တုံးပြီးရေဆေးပါ။ကြက်သားမှုန့်၊ပဲငံပြာရည်အကြည်၊အနောက်၊ခရုဆီတို့နဲ့နယ်ပြီးနှပ်ထားပါ။
၁နာရီလောက်နှပ်ပြီးရင်ဂျင်းလွှာ၄ခုနဲ့ကြက်သွန်ဖြူ၊ရေမြှပ်ရုံထည့်ပြီးပေါင်းပါ။
မပေါင်းချင်ရင်နူးအောင်ပြုတ်ပါ။
ဆန်ကြာဇံကိုမိနစ်၂၀လောက်ရေစိမ်ထားပါ။
ကြက်သွန်ဖြူကိုထောင်းပြီးဆီချက်ချက်ထားပါ။
ဆနွင်းမှုန့်မထည့်ရပါ။
အဖြူထည်ပဲဆီချက်ချက်ပါ
ရေနွေးအိုး တည်ပြီးဆူရင် မုန်ညင်းကိုရေနွေးဖျောပြီးဆယ်ထားပါ
ပြီးရင် ကြာဇံကိုထည့်ပြုတ်ပါ။
ကြာဇံအနေအထားကို လက်နဲ့စမ်းပြီး အနေတော်ဖြစ်ရင် စကာနဲ့စစ်ချပါ။
ကြာဇံပြုတ်ရင် မာလွန်းရင်လည်းမကောင်းသလို ၊ပျော့လွန်းရင်လည်းစားမကောငွးလို့ သတိထားဖို့လိုပါမယ်
နံရိုးကြာဇံဆီချက်ပြင်မယ်
ကြာဇံထည့်ပါ။ဝက်နံရိုးနဲ့ပြုတ်ရေ၁ဇွန်းထည့်ပါ။
မက်ဂီပဲငံပြာရည်အကြည်ထည့်ပါ။ကြက်သားမှုန့်ထည့်ပါ
ငရုတ်ကောင်းမှုန့်ထည့်ပါ။ဆီချက်ထည့်ပါ။ကြက်သွန်မိတ်ထည့်ပါ။
မုန်ညင်းလေးတွေကြိုက်ရင်ထည့်ပါ။အားလုံးကိုသမအောင်မွှေလိုက်ပါ။
Credit and Ref : https://bit.ly/2GEGYwh
Ingredients
Directions