နန်းကြီးသုပ်

1

နန်းကြီးသုပ်

အရင်ဆုံးကြက်ရင်ပုံ သို့ ပေါင်တစ်ခြမ်းကို ရေဆေးပြီး တစ်နာရီခန့် ပြုတ်ရထားရပါမယ် ဂျင်း ကြက်သွန်ဖြူ သကြားထည့်ပေးဖို့ လိုအပ်ပါတယ်နော်။

ကြက်သားနူးလာပြီဆို ဆယ်ယူပြီး အသားနွှာထားပေးပါ သို့ အတုံးလှီးထားပေးပါ။ ပြီးမှ ဆား အရသာမှုန့် နယ်ပြီးနှပ်ထားပေးပါ။

ကြက်သွန်ဖြူနီကိုညက်အောင်ထောင်းပြီဆီသပ်ပါ။ ငရုတ်စိမ်းမှုန့် နှင့် ငံပြာရည်ပါ ထည့်ဆီသပ်ပေးပါ။ ( အရောင်ရဲရဲလေးလိုချင်ရင် ဆီနီ သုံးလို့လည်းရပါတယ် ) ပြီးမှ ကြက်သားထည့်ပါ ရေအနည်းငယ်ထည့်ပြီး ဆီပြန်လာသည်အထိတည်ထားပေးပါ။ ဆီပြန်လာပြီဆို သုပ်စားမယ့်ကြက်သားအနှစ်လေးရပါပြီ။

တွဲဖက်စားမယ့် ဘဲဥကိုပြုတ်ပြီး လှီးထားပေးပါ။ နံနံပင် ကြက်သွန်နီ သံပုရာသီးလှီးထားပေးပါ။

နန်းကြီးဖတ် ကြက်သားအနှစ် ကြက်သွန်နီ ဘဲဥ နံနံပင် ပဲမှုန့် ကြက်သားမှုန့် ငံပြာရည် ငရုတ်သီးမှုန့်ထည့်ပြီးသုပ်ပါ။ ပြီးမှ သံပုရာရည်ညှစ်ပါ။

Credit : Ma May Moe Phyu

Credit : Facebook Shares

Ingredients

Directions