ဒိန်ချဉ်လုပ်နည်း

1

နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့ ။ ကြာကြာလေး ကျိုပါ ။ တအားလည်း မပျစ်ပါစေနဲ့ ။

ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့ ။

အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ ။

ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ ။

၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး ။ ခဏခဏလည်း မမွှေရပါဘူး ။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး ။

အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။ အဲဒီအချဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ် ။

ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ် ။

အချိုးအဆကတော့ နွားနို့၁ပိဿာ အချဉ် ၁ ဇွန်းပါပဲ (ဟင်းခတ်ဇွန်း) ဒိန်ချဉ်ဖြစ်သွားပြီဆိုရင် ရေခဲသေတာထဲမှာ အကြာကြီးထားလို့ရပါတယ် ။

ဒိန်ချဉ်နဲ့စားဖို့ သကြားရည်ပဲကျိုကျို ၊ ထန်းလျက်ရည်ပဲကျိုကျို ဆားလေး နည်းနည်းထည့်ကျိုပါ ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။

သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ် ။ အိုးမကပ်ရုံသာ ရေထည့်ပါနော် ။

ကဲမိတ်ဆွေတို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော် ။

Credit : Facebook Shares

Ingredients

Directions