ထိုးမုန့် (အလွယ်လုပ်နည်း)

1

ထိုးမုန့် (အလွယ်လုပ်နည်း)

ထိုးမုန့်ကို အရင်က လုပ်တာ လက်အရမ်းညောင်းတော့ အလွယ်နည်းလုပ်ကြည့်မယ်ဆိုပြီး စမ်းလုပ်ကြည့်တယ်။ အ၇သာကလဲ နဂိုအတိုင်း တူပြီးလွယ်ကူတာကြောင့် ဒီနည်းလေးနဲ့လုပ်ရင် မြန်ပြီး စားလို့လဲကောင်းပါတယ်။ လုပ်စားကြည့်နော်။ တချို့ကသကြားအညို ကိုသုံးပါတယ်။ အိစံကတော့ သကြားအဖြူပဲသုံးတယ် အရောင်ညိုနေတာက မြေပဲကနေညိုညိုလေးဖြစ်သွားတာပါ။ မြေပဲ မထည့်ပဲ သီဟိုဉ်စေ့ ကိုပဲသုံးရင်တော့ အဖြူရောင်လေးဖြစ်နေပါလိမ့်မယ်။

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့်- ၄ ခွက်
၂။ သကြား - ၂ ခွက်ခွဲ
၃။ ရေ - ၄ ခွက်
၄။ ထောပတ် (အရည်ပျော်နေသော)- ၁ ခွက်
၅။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
၆။ ထောင်းထားသောမြေပဲ - ထမင်းစားဇွန်း ၄ ဇွန်း
၇။အသေးလေးတွေတုံးထားသော ဖရုံယို -ထမင်းစားဇွန်း ၄ ဇွန်း
၈။ ခြမ်းထားသော သီဟိုဉ်စေ့ - ထမင်းစားဇွန်း ၄ ဇွန်း
၉ ။ ပါးပါးလှီးထားသော အုံးသီးဖတ် - ၁ ခွက်
၁၀။ ဆား -လက်ဖက်ရည်ဇွန်း လေးပုံ တပုံ
၁၁။ ကြော်ထားသော အုံးသီးဖတ် - ၁ ခွက် ( အပေါ်က အုံးသီးကြော်ဖြူးရန်အတွက်)

ပြုလုပ်နည်း
၁။ ထိုးမုန့်မွှေရန် ယောင်းမ ၂ ချောင်းကို ဆီစိမ်ထားပါ။ (မွှေရင် သိပ်မကပ်အောင်လို့ပါ။)
၂။ ကောက်ညှင်းမှုန့်နဲ့ရေ ကို ဖျော်ပါ။ အလုံးလေးများ မကျန်တဲ့အထိ ခလောက်ပါ။ ပြီးလျှင် ဆား၊ သကြား၊ ဆီ၊ ထောပတ် ထမင်းစားဇွန်း လေးဇွန်း၊ မြေပဲ၊ ပါးပါးလှီးထားသောအုံးသီးဖတ်တို့ ကိုထည့်ရျ် သကြားများ အရည်ပျော်သည်အထိ ခလောက်ပါ။
၃။ ဖျော်ထားသော ကောက်ညှင်းမှုန့်ရည်ကို ထမင်းပေါင်းအိုးထဲ ထည့်ရျ် ထမင်းချက်သလို ချက်ပါ။ ပထမတခေါက် ကျက်လျှင် အရည်များကျန်နေပါသည်။ ပေါင်းအိုးရဲ့အောက်ခြေကို ထမင်းကောဇွန်း ဖြင့် ကပ်နေသော အရာများကို အသာလေးခွာပြီး နောက်တခေါက် ပြန်ချက်ပါ။ ကျက်လျှင် ၁ နာရီခန့်နှပ်ထားပါ။ ပုံပါအတိုင်း ကောက်ညှင်းများ လုံးသွားပါလိမ့်မည်။
၄။ ထိုးမုန့်လုပ်ရန် အတွက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ထမင်းပေါင်းအိုးထဲ မှကောက်ညှင်းလုံးကို ထည့်ပါ။ ထို့နောက်ဖရုံယို ကိုထည့်၊ ကျန်နေသောထောပတ်ထဲမှ သုံးပုံ တပုံ (ထမင်းစားဇွန်း ၄ ဇွန်း) ကိုထည့်ရျ်မွှေပါ။ (ယောင်းမ၂ ချောင်းကို အသုံးပြုပြီး မွှေပါ။) အရမ်းကပ်လာလျှင် နောက်ထပ် ထောပတ် ထမင်းစားဇွန်း ၄ ဇွန်းကို ထည့် မွှေပါ။ မွှေရင်းဖြင့် ထပ်ကပ်လာလျှင် ကျန်နေသော ထောပတ် အကုန်ထည့်ပြီး မွှေပါ။
၅။ အဖြူပစ်ပစ် အရောင်မရှိတော့ပဲ ကြည်လာသောအရောင်ပြောင်းလာလျှင် မီးဖိုပေါ်မှ ချရျ် ဆီသုတ်ထားသော ဘန်းထဲထည့်အအေးခံပါ။
၆။ အေးလျှင် ကြိုက်နှစ်သက်ရာ အရွယ်အစားတုံးရျ် အပေါ်က အုံးသီးကြော်ဖတ် ဖြူးပြီး သုံးဆောင်နိုင်ပါသည်။

(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)

Credit : Facebook Shares

Ingredients

Directions