ထိုင်းစတိုင် ငပိထမင်းကြော်

1

ထိုင်းစတိုင် ငပိထမင်းကြော်

ထိုင်းစတိုင် ငပိထမင်းကြော်လေးပါ။ ငပိထမင်းကြော်မှာ သရက်သီး၊ ငရုတ်သီးစိမ်း၊ သံပရာသီး အရသာကြောင့် ချဉ်စပ် အရသာလေးနဲ့ စားလို့ကောင်းပါတယ်။ စားလို့လည်း ကောင်းပြီ လုပ်ရတာ လွယ်လွယ်လေးမို့ တူတူ လုပ်စားကြည့်ရအောင်…

ငပိထမင်းကြော်တွင် ပါဝင်ပစ္စည်းများ

ချက်ပြီသား ထမင်း – ၂လုံး
ငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တဝက်

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
သကြား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ပဲငံပြာရည်(အကြည်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
တွဲဖက် ပါဝင်ပစ္စည်းများ

ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်းစာ
ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
ပဲသီး – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
သရက်သီး – ၁လုံး (ပေါက်ပေးပါ)
သံပရာသီး – ၁လုံး ( ပါးပါးလှီးပါ)
ကြက်ဥ – ၂လုံး (ခလောက်ပြီ အပြားကြော်ပြီ ပါးပါးလှီးပါ)
ငရုတ်သီးစိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
ကြက်ရင်ဗုံသား – ၁ခု (အတုံးသေးတုံးပေးပြီ ဆားနည်းကာ အညှိရောင်သန်းသည်အထိ ကြော်ပေးထားပါ)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ငပိကို ထည့်ပြီ ၁မိနစ်ခန့်မွှေပေးပါ။

၂။ ပြီလျှင် ထမင်းထည့်ပြီ ငပိနဲ့ ထမင်းများကို ရောမွှေလိုက်ပါ။

၃။ ထို့နောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပြီ အပေါ်မှ နှမ်းဆီ ဖြူးပေးပါ။

၄။ ပြီလျှင် ပန်းကန်လုံး ထဲသို့ ငပိထမင်းကြော်များကို ထည့်ပြီ ပန်းကန်ပြားတစ်ခုထဲသို့ မှောက်ထည့်လိုက်ပါ။

၅။ ပြီမှ ငပိထမင်းကြော် ဘေးတွင် တွဲဖက်ပါဝင်ပစ္စည်းများ ဖြစ်သော (ပုဇွန်ခြောက်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သားကြော်၊ ပဲသီး၊ ကြက်သွန်နီ၊ သရက်သီး၊ သံပရာသီး၊ ကြက်ဥကြော်၊ ငရုတ်သီးစိမ်း) တို့ကို စီပေးထားပါ။

၆။ ထို့နောက် အားလုံးကို ရောမွှေလိုက်ပြီ အပေါ်မှ သံပရာသီးလေး ညှစ်ပြီ အရသာရှိစွာ ထိုင်းစတိုင် ငပိထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ..

Credit : Facebook Shares

Ingredients

Directions