တော့ပုကီ ( Tteokbokki)

1

" တော့ပုကီ ( Tteokbokki) "

ကိုးရီယားစီးရီးတိုင်းမှာ အမြဲတမ်းနီးပါး ပါတဲ့
ကိုးရီးယားလူမျိုးတွေရဲ့ အသည်းစွဲ စားစရာလေးပါ။ ကိုးရီးယားလူမျိုး Maangchi (Cookbook Author & Blogger) ရဲ့နည်းကို အဓိကအခြေခံပြီး ချက်ထားတာဖြစ်ပါတယ်။ frozen rice cake stick ကို သုံးပါက နာရီဝက်ခန့် ရေစိမ်၊ ရေစစ်ပြီးမှ သုံးပါ။ frozen မဟုတ်လျှင် ရေစိမ်ရန် မလိုပါ။

( ကိုရီးယား အစားအသောက်ပစ္စည်းတွေ ရန်ကုန်မှာဆိုရင် ပုလဲကွန်ဒို
ရှေ့က Pro Mart မှာအကုန်နီးပါး ဝယ်လို့ရပါတယ်လို့ သိရပါတယ်ရှင်။)

***... တော့ပုကီ ( Tteokbokki) ချက်ရန် လိုအပ်တာလေးတွေ…

1. ရေ – 3 1/2 cups (875 ml)
2. ငါးနီတူခြောက် (dried anchovies) – ၁၀ ကောင်ခန့်
3. ၁ လက်မခွဲအရွယ် ရေညှိခြောက် (dried kelp, dried sea tangle) – ၇ ခု (မရှိလျှင် ငါးနီတူ အနည်းငယ် ပိုထည့်ပေးပါ။)
4. hot papper paste – ထမင်းစားဇွန်း ၅ ဇွန်း
5. hot papper flakes – ထမင်းစားဇွန်း ၁ ဇွန်း
6. သကြား – ထမင်းစားဇွန်း ၁ ဇွန်း
7. ပဲငံပြာရည် အကျဲ (thin soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း (သို့) ချင့်ချိန်ထည့်ပါ
8. rice cake stick (topokki, tteokbokki) – 450 g
9. ငုံးဥပြုတ် – ၁၀ လုံး (သို့) ကြက်ဥပြုတ် – ၃ လုံး (ကြက်ဥကိုပဲ သုံးလေ့ရှိပေမယ့် ကျွန်မကတော့ ငုံးဥသုံးထားပါတယ်။)
10. fish ball – ၁၀ လုံး (များသောအားဖြင့် အပြားကြီးကြီး fish cake ကိုသုံးကြပါတယ်။)
11. ၁ လက်မ အရှည်ခန့် ခပ်စောင်းစောင်းလှီးထားသော ကြက်သွန်ပင် – 1 cup (250 ml) ခန့်

#. ရေ၊ ငါးနီတူခြောက် နှင့် ရေညှိခြောက် ကို အိုးအဖုံး မဖုံးပဲ over medium heat ဖြင့် တည်ထားပါ။ ဆူလာပြီးနောက် အရသာများပိုထွက်လာစေရန် ၁၀ မိနစ်ခန့် ဆက်တည်ထားပါ။

#. ၁၀ မိနစ်ခန့် ဆူခိုင်းပြီးနောက် ငနီတူ နှင့် ရေညှိဖတ်များကို ဆယ်ထုတ်ကာ hot papper paste, hot papper flakes, သကြား နှင့် ပဲငံပြာရည် အကျဲထည့်ကာ အနည်းငယ်မွှေကျိုပါ။

#. ဆူလာလျှင် rice cake stick , ငုံးဥပြုတ် နှင့် fish ball ထည့်ချပြီး medium heat သို့လျှော့ကာ ၁၂ မိနစ်ခန့် တည်ပါ။

#. အိုးအောက်ခြေမကပ်စေရန် မကြာခဏ မွှေပေးဖို့လိုပါတယ်။

(rice cake stick များ တစ်ချောင်း နှင့် တစ်ချောင်း ကပ်မနေစေရန် အသုံးမပြုခင် ကြိုတင်ပြီး ခွါထုတ်ပေးထားပါ။)

#. ၁၂ မိနစ်ခန့် (သို့) အရည်အတော်လေးပျစ်လာလျှင် rice cake stick တစ်ချောင်းကို မြည်းကြည့်ပါ။

#. rice cake stick မာနေသေးပါက ရေနွေးအနည်းငယ်ထည့်ပြီး ဆက်တည်ပါ။ မမာတော့ပါက ကြက်သွန်ပင်ထည့်ကာ မွှေပေးပြီး မီးဖိုမှဖယ်၍ နှမ်းလှော်လေးအနည်းငယ်ဖြူးကာ အရသာရှိစွာသုံးဆောင်နိူင်ပါပြီ။

(အရည် ပျစ်ပျစ်များများဖြင့်စားသည့် အစားအစာဖြစ်သောကြာင့် အရည်ခမ်းအောင် တည်ရန်မလိုပါ။)

Crd.chawsu See less

Credit : Facebook Shares

Ingredients

Directions