တုံယမ်း ချဉ်စပ်ခေါက်ဆွဲကြော်

1

လပ်ကီးခေါက်ဆွဲ တစ်ထုပ်

ကြက်ဥ တစ်လုံး

ကြက်သား ကြက်မြစ် အနည်းငယ်

ပဲသီးတစ်တောင့်၊ ဥနီ နည်းနည်း၊ မုန်ညင်းဖြူရွက် နှစ်ရွက်

ပဲငံပြာရည် အကျဲတစ်ဇွန်း

ကြက်သားမှုန့် အနည်းငယ်

ဆီ အနည်းငယ်

ကြက်သွန်နီ အလုံးသေး တစ်လုံး၊ ကြက်သွန်ဖြူ တစ်မွှာ

ခေါက်ဆွဲကို အရင်ပြုတ်ပါ။ အရမ်းကြီး နူးပြဲနေအောင် မပြုတ်ရပါ။ နည်းနည်းမာမာလေး ပြုတ်ပါ။

ကြက်သား ပါးပါးလှီးပြီး ကြက်သားမှုန့်နဲ့နယ်ထားပါ။ အသီးအရွက်တွေ လှီးထားပါ။

ကြက်သွန်နီကို လေးစိတ် စိတ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြား ရိုက်ထားပါ။

ခေါက်ဆွဲပြုတ်ထဲမှာ ပါတဲ့ တုံယမ်း အစပ်ထုပ်လေးကို အသင့်ဖောက်ထားပါ။

ကြော်မယ်ဆိုရင် ဆီပူရင် ကြက်သွန်နီဖြူ ဆီသတ်ပါ။ မွှေးရင် ကြက်သားထည့်၊ အသားနူးရင် အသီးအရွက်တွေ ထည့်ပါ။

ပဲငံပြာရည် အကျဲ ထည့်ကြော်ပါ။ အသီးအရွက်တွေ အိရင် ခေါက်ဆွဲထည့်ကြော်ပြီး တုံယမ်းအစပ်မှုန့် ထည့် မွှေပေးနေပါ။ ခဏနေရင် အရသာမြည်းကြည့်ပြီး အတော်ပဲဆိုရင် ရပါပြီ။

စပ်စပ်စားချင်ရင် ငရုတ်သီးအနီတောင့် ထည့်ကြော်ပါ။

ကြက်ဥဟက်ဘရိုက် တစ်လုံးကို ကြော်ပြီး ခေါက်ဆွဲအပေါ်မှာ ထည့်ပေးရင် ရပါပြီ။ ခေါက်ဆွဲ မကြော်ခင် ကြက်ဥကို အရင်ကြော်လိုက်လဲ ရပါတယ်။

Source: လှိုင်လှိုင်

Credit : Facebook Shares

Ingredients

Directions