တိုရှည်လုပ်နည်း

1

ဆန်နို့ဆီဘူးနှစ်လုံးမတ်ပဲနို့ဆီဘူးတလုံးကိုရေ ၂၄နရီစိမ်ရပါမယ်။တိုရှည်ကျွတ်ကျွတ်လေးကြိုက်ရင်တော့မတ်ပဲလျော့ထဲ့ပါ။

ပြီးရင်စိမ်ထားသောမတ်ပဲနှင့်ဆန်ကိုဖျော်ရည်စက်ထဲထည့်ပြီးဆန်ပေါ်ရေမြုတ်ရုံလေးထည့်ပြီးခွဲခွဲပြီးကြိတ်ပါနော်

ထမင်းကြမ်းလေးလက်တဆုတ်လဲထည့်ကြိတ်ပါနော်။

ပြီးရင်တော့နေ့ဝက်လောက်ဖောက်ထားပါနော်

မုန့်လုပ်ခါနီးရင်လိုသလောက်ခွဲပြီးဆော်ဒါနဲ့ဆားသင့်ရုံထည့်ပါ။အပြစ်အကျဲကြည့်ပါ၊ရေလိုလျှင်နဲနဲထည့်ပါ

ဒယ်ပြန့်.သာဝါသို့မဟုတ်မကပ်သည့်အိုးNan Stick Panထူဖြင့်လုပ်နိုင်ပါသည်။ပဲအုန်းသီးကြက်တနီး။ပူတီနာကြက်တနီး။

ပဲဟင်း။ခရမ်းချဉ်သီးချက်လေးတို့နဲ့တွဲဖက်စားနိုင်ပါတယ်။

============
ပဲအုန်းသီးကြက်တနီးလုပ်နည်း
============

ကုလားပဲဆန်ကိုလှော်ပါ။ပြီးရင်ရေစိမ်ထားပါ၊အုန်းသီးဆန်ကိုချစ်ပါ၊ငရုပ်သီးစိမ်နဲနဲလှော်ပါ။

ပဲဆန်ရယ်၊အုန်းသီးရယ်ငရုပ်သီးစိမ်းရယ်ကိုဖျော်ရည်စက်ထဲမှာရေကျက်အေးနဲ့ကြိတ်ပါနော်၊ပြီးရင်ဆားထည့်ပါ၊

အိုးထဲဆီအနဲငယ်ထည့်ပြီးပျဉ်းနော်သိမ်ရွက်၊ငရုပ်သီးခြောက်၊မုန်ညှင်းစေ့၊ဇီယာစေ့နဲနဲထည့်ပြီးဆီသတ်ပါ၊

ပဲအုန်းသီးကြက်တနီးအဖြူရည်လေးရပါပြီနော်။

============
ပဲဟင်းရည်ချက်နည်း
============

ပဲနီလေးနဲ့ချက်ပါတယ်၊နှစ်သက်ရာပဲသုံးနိုင်ပါတယ်

ပဲနူးအောင်ချက်ပြီးအာလူးလေးတွေထည့်ပါတယ်၊အာလူးနူးရင်တော့ခုနလိုပဲပျဉ်းနော်သိမ်ရွက်၊မုန်ညှင်းစေ့၊ဇီယာစေ့၊ငရုပ်သီးခြောက်လေးနဲ့ဆီသတ်ပါနော်။

============
ပူတီနာကြက်တနီး
============

ပူတီနာရွက်လေးတွေသင်ပါ၊ကြက်သွန်ဖြူသုံးမွှာလောက်ထည့်ပါ၊ငရုပ်သီးစိမ်းလေးနဲ့ထောင်းပြီးမကြီးမှည့်ရေပျစ်ပျစ်လေးနဲ့ဖျော်၊ဆားလေးလိုသလောက်ထည့်ပါနော်။

============
ခရမ်းချဉ်သီးချက်လေး
============

ကြက်သွန်ဖြူ၊ကြက်သွန်နီကိုစိတ်စိတ်သေးသေးလေးတွေလှီးပါ၊ပြီးရင်ဆီသတ်ပါ၊ငရုပ်သီးအရောင်တင်မူံ့လေးထည့်ပါ၊ခရမ်းချဉ်သီးလေးတွေလှီးထည့်ပြီးခရမ်းချဉ်သီးကျေပြီးဆီပြန်ရင်ရပါပြီနော်။

Credit : Facebook Shares

Ingredients

Directions