တရုတ်ထမင်းကြော်
၁. ထမင်းကြော်မယ်ဆိုရင်..ဆန်ကရှမ်းဆန်လေးဆိုပိုကောင်းပါတယ်
ရှမ်းဆန်က စီးစီးတောင့်တောင့်လေးဖြစ်လို့..
ပြီးတော့ ထမင်းကို ချက်လျှင်မပျော့စေရန် အထူးသတိထားရမယ်
ခုကျက် ခုကြော် မလုပ်ရဘူး..
ထမင်းကိုဖြန့်ပြီး ကြိုတင် အအေးခံထားရပါမယ်...
.
.
၂. အသားကိုအစိမ်းကြော်တာပိုမွှေးပြီးအရသာပိုရှိပါတယ်..
ပြုတ်ပီးအသားနဲ့ကြော်တာက အရသာနဲ့အနံ့မှာကြ ပိုပြီးပြည့်စုံမူမရှိပါဘူး..
ပြီးရင်အသားတွေကို အထူကြီးမလှီးရ.
ပါးပါးလေး တွေပဲလှီးပါ..ထမင်းကြော်ကို ဝက်သားနဲ့ ကြော်လျှင်ဝက်ဆီအနံ့လေးပါအောင်ကြော်ရပါ့မယ်
ဝက်အူချောင်းအနံ့လေးရယ်ပါမှ ပိုမွှေးတာပါ.. ဒါအဓိက.
.
.
၃. အသီးအရွက်တွေ ကိုတတ်နိုင်သမျှ အတုံးအသေးလေးတွေပဲလှီးပါ..
ရေဆေးပြီးရေကိုသေချာစစ်ထားပါ...
ရေမစစ်ပဲထည့်ကြော်မိလျှင်.ထမင်းကြော်က ပြဲသွားပြီး
အိုးအောက်ခြေမှာ ထမင်းတွေနဲ့ကပ်ကုန်လို့ ကြော်ရတာ ခက်တတ်ပါတယ်..
.
.
၄. ထမင်းကြော်ထဲထည့်ရမဲ့အရသာအတွက်ပါဝင် ပစ္စည်းတွေကို တတ်နိုင်သမျှ တံဆိပ်ကောင်းကိုသာရွေးချယ် သုံးစွဲ စေချင်ပါတယ်..
ဗမာငံပြာရည်တို့ ဗမာကြာညို့တို့ ဗမာပဲငံပြာရည်တို့ကို
ဒီလိုတရုတ်စတိုင်ကြော်လျှင်.ထည့်သုံးလို့မရပါဘူး
ဒါလည်းအရေးကြီးပါတယ်..
.
.
၅. ထမင်းကြော်လျှင်ဆီကို လက်မလွန်မိအောင်ဂရုစိုက်ထည့်ပါ
ဆီများပြီးအိရွဲှနေရင်လည်းအရသာပျက်ပါတယ်.
နောက်ပီး ထမင်းကြော်မယ်ဆိုလျှင် တတ်နိုင်သမျှ ကြော်မဲ့အိုးကို
ချောင်ချောင်လေးထားပြီးကြော်တာ ပိုကောင်းပါတယ်
တစ်ပွဲစာနှစ်ပွဲစာပေါ့
ထမင်းတွေအိုးလိုက်ကြီး မောက်လျှန်နေအောင်ကြော်ရင် အရသာ သိပ်မဝင်သလို .
ကြော်ရလည်းခက်တယ်..
တစ်ပွဲစာနှစ်ပွဲစာပဲကြော်ရင် အရသာလည်းထိထိမိမိနဲ့ ပိုမွှေးအောင်
အားရပါးရ လှိမ့်ကြော်လို့လည်းကောင်းပါတယ်..
နောက်ပီးကြော်မဲ့ အိုးဟာ ဆီဝနေပီး မကပ်တဲ့အိုးဆိုပိုကောင်းပါတယ်..
ကြော်နည်း
••••••••••••
ရှမ်းဆန်ဖြင့်ချက်ထားသောထမင်းကိုတစ်ပွဲစာလောက်မှန်းပြီး ကြိုတင်အအေးခံထား..
ဝက်သားကို အသားတွေကို ပါးပါးလှီးပြီး.ငရုတ်ကောင်းမူန့်/ အသားမူန့် / ကြာညို့အနည်းငယ်ဖြင့်အရသာသွင်းထား..
ဝက်အဆီကို သုံးလေးဖတ်လောက် ပါးပါးလှီးထား. (ဆီထုတ်ရန်အတွက်)
ဝက်အူချောင်းကို လက်ညိုးလောက်အရွယ်ကို ပါးပါးလှီးထား..
ကြက်ဥတစ်လုံးကို ဆား/ အရသာမူန်ထည့်ပြီး ခလောက်ထားပါ..
ပဲသီးနဲ့ဥနီကိုအတုံးလေးတွေတုံးပြီးသေချာရေဆေးပြီးစစ်ထား
ကြက်သွန်နီ ကိုလေးစိတ်စိတ်ထား..
ကြော်မယ်ဆို ရင်...
အိုးပူမှ ဆီထည့်ပါ.
ဆီပူရင် ဝက်ဆီကိုအရင်ထည့်ကြော်
.မွှေးပြီဆို ဝက်ဆီဖတ်ကိုဆယ်ထား..
ထိုဆီပူနဲ့ပဲ ခလောက်ထားတဲ့ ကြက်ဥကို အရင်ကြော် ဆယ်ထား အအေးခံကပ်ကြေးဖြင့်
အနေတော်ညှပ်ထား..
ပြီးရင်ဝက်သားကိုထည့်ကြော်..
အသားတွေတင်းပြီး ရလျှင် ဝက်အူချောင်းထည့်ကြော်
ကြက်သွန်နီ ထည့်ဆီသတ်
အသီးရွက်တွေထည့်.
နည်းနည်းလေးအိသွားရင် ထမင်းထည့်ကြော်..
အရသာအတွက် အသားမူန့်/ သကြား/ ကြာညို့/ ခရုဆီထည့် မွေပေး.
ငရုတ်ကောင်းမူန့်ထည့်. မီးပြင်းပြင်းနဲ့ အားရပါးရ လှီမ့်ပြီးကြော်ပေးရင်..
အနံ့အရသာနဲ့ပြည့်စုံတဲ့.ထမင်းကြော်လေး ရပီပေါ့....
အားလုံးအဆင်ပြေကြပါစေရှင်.. .
Credit : Facebook Shares
Ingredients
Directions