တရုတ်စတိုင် ထမင်းပေါင်း

1

တရုတ်စတိုင် ထမင်းပေါင်း
----------------------------------
ပါ၀င်သောပစ္စည်းများ

၁။ ချက်ပြီးသားထမင်း (ဆန်၁လုံး)

၂။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှီးပါ)

၃။ ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှီးပါ) (optional)

၄။ ငါးဖယ်လုံး – ၅လုံး (Market များတွင်၀ယ်နိုင်သည်) (optional)

၅။ မုန်လာဥနီ – ၅ကျပ်သား (အပါး စောင်းလှီးပါ)

၆။ ပြောင်းဖူး အသေး – ၅ကျပ်သား (အပါး စောင်းလှီးပါ)

၇။ ဘိုစားပဲ – ၅ကျပ်သား (အပါး စောင်းလှီးပါ)

၈။ မှို- ၅ကျပ်သား (အပါး စောင်းလှီးပါ)

၉။ ငုံးဥ – ၅လုံး ( ပြုတ်ပြီးသား)

၁၀။ မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)

၁၀။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

၁၁။ ကြက်ပြုတ်ရည် (သို့) ရေ – ၄ခွက်

၁၂။ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

၁၃။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

၁၄။ သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

၁၅။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)

၁၆။ ကြက်သွန်ဖြူ – ၂မွှာ (ထောင်းပါ)

၁၇။ ကြက်သွန်နီ – တ၀က် (ထောင်းပါ)
----------------------------------
ချက်ပြုတ်နည်း

၁။ ကြက်သားကို ဆား (လက်ဖက်ရည်ဇွန်း တ၀က်)၊ ကော်မှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်နုယ်ပေးပါ။

၂။ ထို့နောက် ဒယ် (Non-Stick pan) ထဲသို့ ဆီဆီများများထည့်ကာ ကြက်သားကို အညှိရောင်သန်းလာအောင် မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ကြက်သားများကို ဇကာဖြင့် ဆီစစ်ပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပေးပါ။

၃။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၄ ဇွန်း) ထည့်၊ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ (၂မွှာ)၊ ကြက်သွန်နီ တ၀က် ထည့် အညှိရောင် သန်းလာသည် အထိ ဆီပူထိုးပေးပါ။

၄။ ပြီးလျှင် ငါးဖယ်လုံး၊ ကြက်အသဲအမြစ်၊ ပါ၀င်သော ဟင်းသီးဟင်းရွက်များကို ၁မိနစ်ခန့် ကြော်ပေးပါ။ ကြက်ပြုတ်ရည် (သို့) ရေကို ထည့်ပြီး မွှေပေးပါ။

၅။ ထို့နောက် ကြော်ထားသော ကြက်သား၊ ငုံးဥ၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန့်၊ ထည့်ကာ ဟင်းရွက်များ နူးလာသည် အထိ မီးပြင်းပြင်းဖြင့် တည်ထားပါ။ ပြီးလျှင် အပေါ့အငံ မြည်းကြည့်ပါ။

၅။ အပေါ့အငံ အနေတော်ပါက ပုံတွင်ပါသည့်အတိုင်း မီးပြင်းပြင်းဖြင့် ရေကို များများအနေထားတွင် ဖျော်ထားသော ကော်ရည်ကို ထည့် မွှေပေးပါ။

မှတ်ချက်။ ။ ကော်ရည်သည် မပျစ် မကျဲ အနေထားတွင် ရှိနေရမည်။ ကော်ရည် အရမ်းပျစ်သွားလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။ ကော်ရည် ကျဲနေလျှင် ကော်မှုန့်အနည်းငယ် ဖျော်ကာ ထည့်ပေးပါ။

၆။ ထို့နောက် ထမင်းပူပူကို ပန်းကန်လုံးထဲထည့် ကာ ထမင်းစားပန်းကန်ပြားထဲသို့ မှောက်ထည့်ပေးပါ။ ပြီးလျှင် ကြော်ထားသော ဟင်းရွက်များကို ထမင်းပေါ်သို့ လောင်းပေးပါ။

ရ။ ပူပူနွေးနွေးနဲ့ ထမင်းပေါင်းကို အဆင့်သင့် စားသုံးနိုင်ပါပြီ။
----------------------------------
Wutyee Food House
----------------------------------
Photo Credit : Ko Thu Taw Lwin
----------------------------------

Credit : Facebook Shares

Ingredients

Directions