တရုတ်စကားပွင့်သုပ်

1

တရုတ်စကားပွင့်လေးတွေ ရလာလို့ သုပ်စားပါတယ်..။ အထူးဆန်းကြီးမဟုတ်ဘဲ မြန်မာရိုးရာသုပ်နေကြနည်းတေွ အတိုင်းပါဘဲ၊ ဟာဝိုင်အီမှာ ပန်းပွင့် အမျိုးကွဲ ၁၀-၁၅ မျိုးလောက် ရှိမလားဘဲ..။ မွှေးတဲ့ ပန်းပွင့် အမျိုးကို သုပ်စားတဲ့ အခါ ပန်း အနံ့က ကျန်နေလို့ မမီး မကြိုက်ပါ..။ အခု ပုံမှာ ပြထားတဲ့ ပန်းပွင့်လေးတွေက ရေနွေးဖျောလိုက်ရင် အနံ့မကျန်နေလို့ စားရတာ ပို အဆင်ပြေတယ်လို့ ထင်ပါတယ်။
1. ပန်းပွင့်တွေကို ရေစင်အောင်ဆေး၊ ရေနွေးဖျောပါ၊ အေးသွားတဲ့ အခါ ရေ ညှစ်ထုတ်ပီး လှီးထားပါ။
2. မြေပဲလှော်ထောင်း ထားပါ။
3. ငရုတ်သီးစိမ်း ပါးပါးလှီးထားပါ။
4. ကြက်သွန်နီဆီချက် ချက်ထားပါ။
5. ကြက်သွန်နီပါးပါးလှီးထားပါ။
အသုပ်နယ်မည့် ဇလုံထဲမှာ ပန်းပွင့် တွေထည့်၊ အဆာပလာတွေ ထည့်၊ ဆား၊ အချိုမှုန့် သင်ရုံထည့်ပီး သုပ်ပါ။

Credit : Facebook Shares

Ingredients

Directions