ဌက်ပျောဖူး..မြှစ်.. ကြက်သွန်နီ ဟင်းထုပ်

1

ဌက်ပျောဖူး..မြှစ်.. ကြက်သွန်နီ ဟင်းထုပ်

ပူပူနွေးနွေးဟင်းထုပ်အိအိလေး စားခဲ့ဘူးသူ၊ ကြိုက်နှစ်သက်သူတို့ ကိုယ့်ဘာသာ ပြန်လုပ်စားတဲ့အခါမှာ အဓိက ကြုံရလေ့ရှိတဲ့ ပြသနာကတော့..မာမာကြီးဖြစ်နေတတ်တာပါ။ ကိုယ်စားခဲ့ဘူးတဲ့ ဟင်းထုပ်လေးတွေကို ပြန်သတိရရင်း ဆန်မှုန့်ကိုအများကြီး ထည့်ရမှာဘဲ၊ အသီးရွက်က ပါလေရာလေးထည့် ရတာလို့ ထင်ချင်စရာ၊ တကယ်တော့ ထည့်တဲ့ အသီးရွက်ရဲ့ အလေးချိန်ကစုစုပေါင်းက ဆန်မှုန့် အလေးချိန်ထက်များပါတယ်..။ ရေထည့်တာ လည်း နဲသွားတတ်လို့ မာတတ်ပါတယ်..။ ထည့်တဲ့ အသီးအရွက်မှာ ပါဝင်တဲ့ ရေ ပမာဏ အနည်းအများအပေါ်မူတည်ပီး ရေကို ချင့်ချိန်ထည့်ရတာမို့ ရေပမာဏကို အတိအကျ ပြောဘို့ ခက်ပါတယ်။ တချို့က ရေဆေးပီးကာစ ရေရွှတ်ပတ် ဖြစ်နေတဲ့ အသီးအရွက် ထည့်သုံးမယ်..တချို့က ရေဆေးရေစစ်ထားတဲ့ သွေ့နေတဲ့ အသီးအရွက် ထည့်သုံးမယ်၊ အဲဒီ ကွာဟချက်ကြားမှာ ချက်နည်းပေးသူက ရေ အတိအကျ ဘယ်လောက်ပါလို့ ပြောမိရင် လွဲကုန်တော့မှာ အသေချာ၊ ဒါကြောင့် ရေ ပမာဏ သင့်ရုံလို့ သာ ရေးလိုက်ပါတယ်..။

ပါဝင်ပစ္စည်းများ
1. ငှက်ပျောဖူးနုနု ၁၃၀ ဂရမ် ( ၁ဖူး ရဲ့ လေးပုံတပုံ)
2. သံပုရာသီး ၁လုံး (ငှက်ပျောဖူး ၁ဖူးစာအတွက်)
3. ကြက်သွန်နီ ၁၅၀ ဂရမ်
4. မြှစ်ကြော် အနည်းငယ်
5. ဆန်မှုန့် ၄၅ ဂရမ် ( ၂ ကျပ်ခွဲသားခန့်)
6. ကော်မှုန့် ၁ စားပွဲဇွန်း
7. ရေ သင့်ရုံ
8. ဆား သင့်ရုံ
9. သကြား ၁/၄ လက်ဘက်ရည်ဇွန်း
10. နနွင်း အနည်းငယ်
11. ငရုပ်သီး အရောင်မှုန့် ၁ လက်ဘက်ရည်ဇွန်း
12. ဆီ ၄ စားပွဲဇွန်း
13. ငှက်ပျောရွက် ၄-၅ ထုပ်စာ

တွဲဘက်စားရန်
1. ကြက်သွန်ဖြူကြော်ဆီချက်
2. ငရုပ်သီးကြော်
3. ဂေါ်ဖီ
4. ဆန်လုံးဆီကြော်
5. ဂျူးမြစ်
6. နံနံပင်

ပြုလုပ်ပုံ
1. မြှစ်ကြော်ပီးသား ရှိနေလို့ တန်းသုံးလိုက်တာ ဆိုတော့..မြှစ်ကြော် ထမင်းစားဇွန်းနဲ့ ၂-၃ ဇွန်းလောက်ဆို ထုတ်ထုတ်..လေး ဝါးမိဘို့ လုံလောက်ပါတယ်။ မြှစ်ပြုတ်ထက်မြှစ်ကြော်ကပိုကောင်းပါတယ်..မြှစ်ကြော်မသုံးဖြစ်သူများ ဆီ ကို အနည်းငယ် ပိုထည့်ရပါလိမ့်မည်။
2. ငှက်ပျောဖူး ရဲ့ အတွင်းဘက် အကျဆုံး အဝါနုရောင်အပိုင်းကိုသာ သုံးပါ၊ လှီးမည့်ဒါးကို သံပုရာရည်ပွတ်ပါ၊ ငှက်ပျောဖူးကို ထက်ခြမ်းခြမ်းပီးတာနဲ့ သံပုရာရည်ပွတ်ပေးပါ၊ လှီးတဲ့အခါ ခပ်မြန်မြန်လှီးပါ၊ ငှက်ပျောဖူးကို မထူမပါးလှီးပီး ဆားထည့် သံပုရာသီးညှစ်ထားတဲ့ ရေအေးတွင်စိမ်ပါ၊
3. ကြက်သွန်နီ ကို ကြမ်းကြမ်းထူထူလှီးထားပါ၊
4. ဇလုံကြီးကြီးတခုထဲမှာ၊ ဆန်မှုန့်၊ ကော်မှုန့်၊ ဆား၊ သကြား၊ ဆီ နဲ့ ရေထည့်ပီး သမအောင်မွှေပေးပါ၊ သမသွားတဲ့အခါ ကြက်သွန်နီ၊ ငှက်ပျောဖူး၊ မြှစ်ကြော်၊ ငရုပ်သီးမှုန့်၊ ထည့်ပီးနယ်ပါ၊
5. ငှက်ပျောရွက်တွင် ထည့်ပီး ထုတ်ပါ၊
6. ပေါင်းမည့်အိုးတွင် အပေါက်ပါသော ပေါင်းဇကာထည့်ပါ၊ ရေ ထည့်ပီး ဆူအောင်တည်ပါ၊ အဖုံးလုံရပါမည်။
7. ပေါင်းဇကာတွင် ဟင်းထုတ်များ ထည့်ပြီး မိနစ် ၂၀ ခန့် သို့မဟုတ် ကြက်သွန်နီ နူးသည့်အထိ ပေါင်းပါ၊ ကျက်သွားတဲ့အခါ ကြက်သွန်ဖြူကြော်၊ ငရုပ်သီးကြော်တို့နဲ့ စားပါ၊ ရေအေးစိမ်ထားတဲ့ ဂေါ်ဖီထုတ် ကြွတ်ကြွတ်လေး၊ ဂျူးမြစ်၊ နံနံပင်တို့နဲ့ တို့စားနိုင်ပါတယ်..။

ဟင်းချက်နည်းများကို ဟင်းချက်ဝါသနာရှင် မည်သူမဆို Share button ကိုနှိပ်ပီး လွတ်လပ်စွာ share နိုင်ပါသည်၊ ခွင့်တောင်းရန်မလိုပါ။
ဓာတ်ပုံနှင့် ချက်နည်းများကို copy and paste လုပ်ပီး ကူးယူသွားကာ၊ မိမိ page အမည်တပ်ပီး အသုံးချခြင်း များကို လုံးဝ...လုံးဝ..လုံး၀ ခွင့်မပြုပါ။ မိမိ Page အမည်ဖြင့် ဟင်းချက်နည်းများ တင်လိုပါက..မိမိဘာသာချက်ပီးတင်ကြပါ။ သူတပါး အပင်ပန်းခံ၊ အချိန်ကုန်ခံပီး ဖန်တီးထားသည်များကို ကူးမချကြပါနှင့် ။

Credit : Facebook Shares

Ingredients

Directions