ဇီယာ၊ မုန်ညင်းစေ့ နှင့် အာလူးချဉ်စပ်သုပ်

1

***... ဇီယာ၊ မုန်ညင်းစေ့ နှင့် အာလူးချဉ်စပ် သုပ်ဖို. လိုအပ်တာလေးတွေ…

1. နူးအောင်ပြုတ်ပြီး အခွံခွါကာ ခပ်သေးသေးလှီးထားသော အာလူး – 2 cups (500 ml) ခန့်
2. ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1 cup (250 ml) ခန့်
3. အနည်းငယ် ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနံ (mint) – 1cup (250 ml) ခန့်
4. ဇီယာစေ့ (cumin seed)- လက်ဖက်ရည်ဇွန်း တစ်ဝက်
5. မုန်ညင်းစေ့ (mustard seed)- လက်ဖက်ရည်ဇွန်း တစ်ဝက်
6. ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
7. chicken powder – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
8. ငါးငံပြာရည် – ထမင်းစားဇွန်း ၄ ဇွန်း
9. သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
10. ခပ်ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်

ဆီ၊ ဇီယာစေ့ နှင့် မုန်ညင်းစေ့တို့ကို Medium Heat မီးဖိုပေါ်တင်ပြီး အပူပေးပါ။

ဆီပူလာချိန်တွင် ဇီယာစေ့ နှင့် မုန်ညင်းစေ့များကို ၁၀ ခါခန့် ပေါက်ခိုင်းပြီး မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။

ပြီးလျှင် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်ခုထဲထည့်ကာ ဖွဖွလေးနယ်ပြီး သုပ်လိုက်ပါက ချဉ်စပ်ပြီးမွှေးကာ စားကောင်းလှသော ဇီယာ၊ မုန်ညင်းစေ့ နှင့် အာလူးချဉ်စပ်သုပ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Credit : Facebook Shares

Ingredients

Directions