ဇရစ်ရိုးနှင့်ကင်ပွန်းချဉ်ရွက်ကြော်

1

ဇရစ်ရိုးနှင့်ကင်ပွန်းချဉ်ရွက်ကြော်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ကြာရှည်ထားလို့ရအောင်ပုစွန်ခြောက်လေးထောင်းပြီးကြော်ထားမယ်။

ဇရစ်ရိုး........ ................၃စည်း
ကင်ပွန်းချဉ်ရွက်...........၂ စည်း
ပုစွန်ခြောက်................၂ဇွန်း
ကြက်သွန်နီ.................၂လုံး
ကြက်သွန်ဖြူ............... ၅တက်
ငရုတ်သီးခွဲကြမ်း..........၃ဇွန်

ကင်ပွန်းချဉ်ရွက်လေးတွေကိုနုတဲ့အပိုင်းလေးတွေခြွေယူထားပါ။

ဇရစ်ရိုးကို အပင်လိုက်ရေဆေးပြီးတပင်ချင်းလက်ဖဝါးလေးထဲလှိမ့်ကာ အဖတ်ငယ်များဖြစ်အောင်ခွဲထုတ်ယူပါ။

ပုစွန်ခြောက်ကိုရေနွေးလေးစိမ်ထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးခွဲကြမ်း၊ပုစွန်ခြောက်တွေကို နနွင်းမှုန့် ၊ အရောင်တင်မှုန့်တို့နှင့်အတူ ရောပြီးထောင်းပါ။

ပုစွန်ခြောက်ကိုသီးသန့်ထောင်းလဲရပါတယ်။
ကျွန်တော်ကအမြန်လို လို့ရောထောင်းပါတယ်။

ဒယ်အိုးတစ်လုံးမှာထောင်းထားတဲ့ကြက်သွန်၊ငရုတ်သီး၊ ပုစွန်ခြောက်အရောကို ဆီများများနဲ့ဆီသပ်ပါ။

ဇရစ်ရိုးတွေကို ဦးစွာဆီသပ်ပါ။

မွှေးလာပြီဆို ကင်ပွန်းချဉ်ရွက်တွေထည့်ပါ။
ဆီနဲ့လုံးပြီးကြော်ပေးပါ။ ဒါပေမယ့်ကင်ပွန်းချဉ်ရွက်တွေမအိသေးပါဘူး။

ဆုံလေးကိုရေကျင်းပြီးဒယ်အိုးပတ်လည်ကိုလောင်းထည့်ပြီး မီးရှိန်အေးအေးမှာ အဖုံးပိတ်ပေးထားပါ။
ကင်ပွန်းချဉ်ရွက်တွေနူးအိပြီး ဆီပြန်ရေခမ်းလာပါမယ်။

မီးရှိန်အေးအေးမှာဇရစ်ရိုးနဲ့
ကင်ပွန်းချဉ်ရွက်လေးတွေ
လိပ်ဝင်သွားသည်အထိကြော်ပေးပါ။

(၁၅)ရက်လောက်ထားချင်တာလား။
အဝေးကဆွေမျိုးတွေဆီပို့ချင်တာလား။
ဒီလိုလေး ဒလှိမ့်ထိုး ပြီးကြော်ပေးလိုက်ပါ။

Crd.winnaingthein

Credit : Facebook Shares

Ingredients

Directions