ဆွန်းဒယ် ကိုရီးယားသွေးအူချောင်း

1

ဆွန်းဒယ် ကိုရီးယားသွေးအူချောင်း
(Soondae Korean Blood Sausage)
..................................................
လူသိနည်းသေးတဲ့ အာဟာရဓာတ်
အပြည့်အဝရရှိစေနိုင်သော ကိုရီးယားသွေးအူချောင်း
လုပ်နည်းလေးကို မျှဝေပေး ချင်ပါတယ်။
ကိုရီးယားနိုင်ငံမှာတော့ လူတိုင်းကြိုက်ပြီး အရမ်းနာမည်ကြီးသော သွေးအူချောင်းပါ။ ကိုရီးယားဘုရင်လက်ထက်ထဲက
နာမည်ကြီးခဲ့သော သွေးအူချောင်းဖြစ်ပါတယ်။
ဘုရင်လက်ထက်ကတော့ တောဝက်မှရရှိသော
ဝက်အူကိုအသုံးပြုပြီး ပြုလုပ်ပါတယ်။
ဂျိဆီအွန်းဘုရင်လက်ထက်မှာ နန်းတွင်းဟင်းပွဲမှာ
မပါဖြစ်ပါဝင်ရသော ဟင်းပွဲဖြစ်လာပါတယ်။

လိုအပ်သောပစ္စည်းများ
..................................
• ကြိတ်စက် (သို့) ငရုတ်ဆုံ
• ပိတ်ကြိုး
• ကတော့ (သို့) အူချောင်းအဆာသွတ်စက်

ပါဝင်ပစ္စည်းများ
..................................
• ဝက်အူ (သို့) အမဲအူ - ၃၆ ပေ
• ပဲကြာဆံ - ၁ ထုပ်
• ကြက်သွန်ဖြူ - ၃ မြွှာ
• ဆန် - ၂ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
• ချင်း - ၂ ကျပ်သား
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ကိုရီးယားနှမ်းဆီ - စားပွဲဇွန်း ၁ ဇွန်း
• နှမ်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ် - ၅ ချောင်း
• အမဲသွေး (သို့) ဝက်သွေး - ၂ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)

ပြုလုပ်နည်း
..................
၁။ ဆန်ကို မိနစ် ၃ဝ လောက် ရေစိမ်ထားပါ။ ပြီးလျှင် ရေအေးရေဖြင့်
ဆန်ကြည်သွားတဲ့အထိဆေးပါ။ ထမင်းပေါင်းအိုးဖြင့်တည်ပါ။

၂။ အူများကို သေချာသန့်ရှင်းရေးလုပ်ထားပါ။ အူထဲကို
ရေနွေးလေးဖြင့်ထည့်ပြီးဆေးကာ အသာအထဲမှ အညစ်အကြေးများ
ညှစ်ဆေး ထုတ်ပေးပါ။ ပြီးလျှင် ရေအေးဖြင့် စင်အောင်ဆေးပါ။
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေ ၅ ခွက်ဖြင့် ဖျော်ထားသောရေထဲ
၁ နာရီ လောက်ထည့်စိမ်ထားပါ။ သုံးခါနီးမှ ရေအေးထဲမှဆယ်ပြီး
လိုသလောက်အရွယ် ဖြတ်သုံးလို့ရပါတယ်။ ဒီအတိုင်း အချောင်းလိုက်လည်း
ထားလို့ရပါတယ်။ တစ်ဖက်ထိပ်ကို ချည်ကြိုးဖြင့် ခိုင်အောင်သေချာချည်ထားပါ။

၃။ ပဲကြာဆံကို ရေနွေးနွေးလေးထဲမှာ နူးအိလာသည်အထိ စိမ်ပေးပါ။
နူးအိပွလာသော ပဲကြာဆံကို အပိုင်းလေးတွေ ဖြတ်တောက်ထားပါ။
ကြက်သွန်မြိတ်ကို နုပ်နုပ်လေးစဉ်းထားပါ။ နှမ်းစေ့များကို လှော်ထားပါ။
လှော်ထားသော နှမ်းစေ့၊ ကြက်သွန်ဖြူ၊ ချင်းများကို ရော ထည့်ကြိတ်ပါ (ထောင်းပါ)။
ဇလုံအကြီးထဲ ပဲကြာဆံ၊ ကြက်သွန်မြိတ်နှင့် နှမ်းထောင်းများ
အားလုံးရောသွားအောင် သေချာနယ်ပါ။

၄။ ကတော့ (သို့) အူချောင်းအဆာသွတ်စက်ကို အသုံးပြုပြီး
ခပ်လျော့လျော့လေး ပဲကြာဆံနယ်များကို အဆာသွတ်ပါ။
ခပ်ဖွဖွလေး ညီညီမျှမျှအရွယ်ရှိအောင် ညစ်ပေးပါ။
အူချောင်းတစ်ခုလုံး ပြည့်အောင်ထည့်ပါ။
အူချောင်းအရမ်းတင်းမာနေအောင် အဆာများ
အရမ်းဖိမထည့်ပါနှင့်။ အူချောင်းပွင့်ထွက်သွားတတ်ပါတယ်။
တစ်ချောင်းလုံး လျော့လျော့လေးပဲထားပါ။
ပြီးလျှင် ထိပ်ကို ချည်ကြိုးဖြင့် တင်းအောင်ချည်ပါ။

၅။ အူချောင်းကို အိုးအကြီးထဲ အခွေလိုက်ထည့်ပြီး
ဆား ၁ ဇွန်း ရေမြူပ်အောင်ထည့်ပါ။ ရေဆူလာသည်အထိတည်ပါ။
မီးလျော့ပါ အငွေ့တက်ရုံ ၄၅ မိနစ်လောက် အဖုံးအုပ်ပြီးတည်ထားပါ။
ကျက်မကျက် စစ်ချင်ရင်တော့ သွားကြားထိုးတံလေးနှင့်
အူချောင်းအလည်ကို ထိုးကြည့်ပါ။ သန့်ရှင်းစွာထွက်လာလျှင် ကျက်ပါပြီ။

၆။ သွေးအူချောင်းကို ပူပူလေး လိုသလိုစောင်းလိုက်လေးလှီးပြီး
ဆား၊ ငရုတ်ကောင်းနှင့် ရောထားသောအမှုန့်နှင့်တို့ပြီး
သုံးဆောင် လို့ရပါတယ်။ ကျန်တာကို လေလုံဘူးထဲ (အိတ်) ထည့်ကာ
ရေခဲထားလို့ရပါတယ်။ လိုတဲ့အခါမှ ပေါင်းအိုးထဲထည့်နွေးပြီး လိုသလို အသုံးပြုလို့ရပါတယ်။
..............................
Crd. စည်လွင် S

Credit : Facebook Shares

Ingredients

Directions