ဆူးပန်းရွက်ချဉ်ရည်ဟင်း

1

ဆူးပန်းရွက်ချဉ်ရည်ဟင်း
ဆူးပန်းရွက်ကလည်း ဆောင်းတွင်းမှာပေါတဲ့ ရာသီပေါ်သီးနှံဖြစ်ပါတယ်။ ချဉ်ပေါင်ရွက်လိုပဲ ချဉ်ရည်ဟင်းချက်စားကြပါတယ်။ ဆောင်းတွင်းမှာ အညာသူ၊ အညာသားတွေ အများဆုံးချက်စားလေ့ရှိတဲ့ အရည်သောက်ဟင်းပါ။ ဆူးပန်းရွက်ကို ရုံးပတီသီး၊ ခရမ်းသီးတို့နဲ့ရောပြီး ရှောက်ရည်နဲ့ ချဉ်ချဉ်လေးချက်ပါတယ်။

ပါဝင်ပစ္စည်းများ
ဆူးပန်းရွက် - ၄ စည်း (ေြွခပြီး ရေဆေးထားပါ)
ရုံးပတီသီး - ၅ တောင့် (ထက်ပိုင်းဖြတ်ထားပါ)
ခရမ်းသီး - ၁ လုံး (အရှည်လိုက် သေးသေးလှီးထားပါ)
ခရမ်းချဉ်သီး - ၂ လုံး (အတုံးသေးသေးတုံးထားပါ)
နံနံပင် - ၃ ပင် (ပါးပါးလှီးထားပါ)
ငရုတ်သီးစိမ်း - ၅ တောင့်
ပုစွန်ခြောက် - စားပွဲဇွန်း ၁ ဇွန်း (ရေစိမ်ပြီး ထောင်းထားပါ)
စိမ်းစားငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
အသားမှုန့် - အနည်းငယ်
ရေ - ၇၀ဝ မီလီလီတာ
ဆီ - စားပွဲဇွန်း ၁ ဇွန်း

အနှစ်အတွက်ထောင်းရန် လိုအပ်သော ပစ္စည်းများ
ကြက်သွန်နီ - ၁၀ဝ ဂရမ်
ကြက်သွန်ဖြူ - ၁၅ ဂရမ်
ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နနွင်းမှုန့် - အနည်းငယ်

ပြုလုပ်နည်း
၁။ အနှစ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများကို ထောင်းထားပါ။
၂။ ပြီးလျှင် အိုးတစ်အိုးထဲ ဆီ၊ ဆူးပန်းရွက်၊ ခရမ်းသီး၊ ရုံးပတီသီး၊ ခရမ်းချဉ်သီး၊ ထောင်းထားတဲ့အနှစ်၊ ထောင်းထားတဲ့ ပုစွန်ခြောက်၊ စိမ်းစားငါးပိ၊ ဆားနှင့် အသားမှုန့်တို့ကို ထည့်ပြီး လုံးချက် ချက်ပါ။
၃။ အားလုံးသမပြီဆိုလျှင် ရေထည့်ပြီး ဆက်၍တည်ထားပါ။
၄။ ဟင်းသီးဟင်းရွက်နူးလျှင် ရှောက်ရည်ညှစ်ပြီး ထည့်ပါ။ အရသာမြည်းပါ။
၅။ မီးဖိုပေါ်မှ မချခင် နံနံပင်နှင့် ငရုတ်သီးစိမ်း ထည့်ပါ။
.....................................
Crd
MyintOotha See less

Credit : Facebook Shares

Ingredients

Directions