ဆီချက်ခေါက်ဆွဲ လုပ်နည်း

1

ဆီချက်ခေါက်ဆွဲ လုပ်နည်း

• ကြက်သွန်ဖြူ ခွာပြီးသား စျေးကဝယ်လာတာ လက်တဆုပ်ကို လက်ဆွဲ ကြိတ်စက်လေးထဲထည့်ကြိတ် ဆီပူအောင်တာ် အဲ့ထဲထည့် ဆီသတ်ထားလိုက် ဘက်စုံသုံးဆီချက်ရရော ရှမ်းခေါက်ဆွဲထဲထည့်ထည့်၊ ခေါက်ဆွဲပြုတ်ထဲထည့်ထည့်၊ ဆီချက်လုပ်လုပ် အဆင်ပြေတယ် ကလေးတွေ အာလူးလေး၊ င်္အသီးအရွက်လေးပြုတ် အဲဆီချက်လေး နဲ့ နှမ်း နဲ့ ဆားလေးနဲ့နယ် ကျွေးလည်းရတာပဲ

• ဘူးလွတ်လေးထဲ ပဲငံပြာရည် အနောက် ၁ ဆ၊ အကြည် ၂ဆ၊ ငံပြာရည် ၂ ဆ၊ ဆားနည်းနည်းထည့်ပြီး တခါတည်းရောထားတယ် ပိုတာ ဘူးအတိုင်း ရေခဲသေတ္တာထဲထည့်ထား အထားခံတယ်

• ညထဲက ဝက်နံရိုးနု ဝယ်ထားတာကို ပြုတ်မယ့်အိုးထဲ ရေအနေတော်ထည့် ပွက်အောင်တည် ပွက်တော့ ဝက်သားထည့် ၂ မိနစ်လောက်ပြုတ် ပြီးတော့ အဲ့ရေတွေအကုန်သွန်ပစ် ရေအေးပြန်ထည့် ဆားထည့်ပြီး မီးအေးအေးနဲ့ပြုတ်ထားတာပဲ မနက်ကျ တခေါက်ပြန်တည် အသားတွေလှီးထား မဟုတ်လည်း ကတ်ကြေးနဲ့ကိုက်

• ကြက်သွန်မြိတ် အိမ်မှာစိုက်ထားရင် နှုတ် မစိုက်ရင် ၂၀၀ ဖိုးလောက်ဝယ်ထား ပါးပါးလှီးလှီး ကတ်ကြေး နဲ့ကိုက်ကိုက် ကြိုက်သလိုလုပ်

• ရေပွက်ပွက်ဆူထဲ ခေါက်ဆွဲ (ကြိတ်ခေါက်ဆွဲ၊ ခေါက်ဆွဲခြောက် ကြိုက်တာပြုတ်) ထည့်ပြုတ် ခေါက်ဆွဲလေးတွေလိမ်ပြီး အိုးဘေးကို အဝိုက်လိုက်ကပ်ပြီး အိုးလယ်မှာ မရှိတော့ဘူးဆို ကျက်ပြီ ဆယ် နူးအိအိလေးကြိုက်ရင် နောက် ၂ မိနစ်လောက်နေမှဆယ် ရေစစ်

• ပန်းကန်ထဲ ခေါက်ဆွဲထည့်၊ အသားထည့်၊ ကြက်သွန်မြိတ်ထည့်၊ ဆီချက်ထည့်၊ အပေါ်က ပဲငံပြာရည်ရောထားတာ ထည့် ရောမွှေ ရပြီ ဒါပဲ ဘာမှမခက်ဘူး ကြိုက်တတ်ရင် ငရုတ်ကောင်းဖြူးစား

ဟင်းရည်သောက်ချင်ရင် အသားပြုတ်ရည်ထဲ ကြက်သွန်မြိတ်နည်းနည်းခပ် ငရုတ်ကောင်းလေးဖြူး ပေါ့တယ်ထင် ပဲရည်နည်းနည်းခပ် ရပြီ။

crd

Credit : Facebook Shares

Ingredients

Directions