ဆိမ့်စပ်ချဉ်မွှေး အာလူးပဲသုပ်လေး

1

ဆိမ့်စပ်ချဉ်မွှေး အာလူးပဲသုပ်လေး

ဆိမ့်စပ်ချဉ်မွှေး အာလူးပဲသုပ်လေး အတွက် လိုအပ်တာလေးတွေ….

နူးအောင်ပြုတ်၊ အခွံခွါပြီး အတုံးခပ်သေးသေးလှီးထားသော အာလူး – တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးခန့်
ready made chick peas – ၁ ဗူး (400 g) (အရည်သွန်ပြီးနောက် တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးခန့်)
လက်ဆစ်တစ်ဝက်ခန့်အရှည်လှီးထားသော ပူစီနံ (mint) – တရုတ်ထမင်းစားပန်းကန်လုံး ၃ ပုံ ၂ ပုံ ခန့်
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – တရုတ်ထမင်းစားပန်းကန်လုံး ၃ ပုံ ၂ ပုံ ခန့် (ပါးပါးမလှီးပဲ အတုံးလေးများလှီးလျှင် ပိုကောင်းပါတယ်။)
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – စားနိူင်သလောက်
ကုလားပဲ အကျက်မုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
sauce
ဆီ – ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း (ထမင်းစားဇွန်း ၆ ဇွန်း)
ဇီယာစေ့ (cumin seed)- လက်ဖက်ရည်ဇွန်း တစ်ဝက်
မုန်ညင်းစေ့ (mustard seed)- လက်ဖက်ရည်ဇွန်း တစ်ဝက်

Sauce အတွက် လိုအပ်တာလေးတွေ…

မန်ကျည်းသီးအနှစ် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (ကျွန်မသုံးတဲ့ မန်ကျည်းနှစ်က အရမ်းပျစ်ပါတယ်။)
ပျားရည် – ထမင်းစားဇွန်း ၁ ဇွန်း
ရေ – ထမင်းစားဇွန်း ၂ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ
အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အားလုံးကို ပန်းကန်လုံးတစ်လုံးထဲ ရောပြီးဖျော်လိုက်လျှင် လိုအပ်သော sauce ကိုရပါပြီ။ (အပေါ့အငံ မိမိကြိုက်သလို ချိန်ဆထည့်နိူင်ပါတယ်။)

DSC08850

ဆီ၊ ဇီယာစေ့ နှင့် မုန်ညင်းစေ့တို.ကို Medium Heat မီးဖိုပေါ်တင်ပြီး အပူပေးပါ။
ဇီယာစေ့ နှင့် မုန်ညင်းစေ့များကို ဆီပူလာချိန်တွင် ၁၀ ခါခန်.ပေါက်ခိုင်းပြီး မီးဖိုမီးကိုပိတ်ကာ မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။

DSC08846

ပြီးလျှင် ပါဝင်ပစ္စည်းများအားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်သုပ်လိုက်လျှင် အရသာရှိလှသော ဆိမ့်စပ်ချဉ်မွှေး အာလူးပဲသုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Crd.chawsu See less

Credit : Facebook Shares

Ingredients

Directions