ဆိတ်သား ဒိန်ချဥ်နုပ်

ဆိတ်သားဟင်း ကောင်းကောင်းချက်ဖို့ အရေးကြီးဆုံးက အညှီနံ့ပျောက်အောင် လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ တစ်ခါတစ်ခါမှာ ဆိတ်သားရဲ့ ညှီတဲ့အနံ့ကြောင့် အနားကို မကပ်နိုင်တဲ့ ဟင်းတွေလည်း ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဆိတ်သားနှပ်ချက်နည်းလေးနဲ့ ချက်ကြည့်ရအောင်နော်။

 1 kg ဆိတ်သား – ၁ ကီလို
 100 g ကြက်သွန်ကြော် – ၁ဝဝ ဂရမ်
 1 cup ဒိန်ချဉ် – ရေနွေးပန်းကန်လုံး ၁ လုံး
 1 cup ရှလကာရည်/မန်ကျည်းမှည့်ရည် – ရေနွေးကြမ်းခွက် ၁ ခွက် (ဆေးရန်)
 1 tbsp ချင်း၊ ကြက်သွန်ဖြူ – ၂ ဇွန်း
 1 tsp နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 10 g ဆီ – ၁၀ ကျပ်သား
 1 tbsp ဆား – စားပွဲဇွန်း ၁ ဇွန်း
 1 tbsp ဟင်းခတ်မှုန့် – ၁ ဇွန်း
 1 tbsp ဇီရာ – ၁ ဇွန်း
 10 g နံနံပင် – အနည်းငယ်
1

ဆိတ်သားကို လိုသလိုလှီးဖြတ်၍ ရှလကာရည် (သို့) မန်ကျည်းမှည့်ရည်ဖြင့် နယ်ပြီး အနည်းဆုံး မိနစ် ၃၀ ခန့် ထားပါ။ အညှီနံ့ပျောက်စေဖို့ပါ။ ပြီးလျှင် ရေစင်အောင်ဆေးပါ။

2

ကြက်သွန်ကြော်၊ ဒိန်ချဉ်၊ ချင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်၍ သမအောင်မွှေပြီး အရသာဝင်အောင် ၁၅ မိနစ်ခန့် နှပ်ထားပါ။ (ဆိုဖီယာကတော့ အတုံး ကြီးကြီးချက်တဲ့အခါကျရင် တစ်ရက်ကြိုနှပ်ထားပါတယ်။ အတုံးကြီးချက်တဲ့ အသားဟင်း တိုင်းကိုလည်း ဒိန်ချဉ်သုံးပါတယ်။ ဒိန်ချဉ်ကြောင့် ဟင်းရဲ့အရသာ ပိုကောင်းသလို အမြန်လည်း နူးအိပါတယ်။ အသားများ ကြေသွားခြင်းလည်း မရှိနိုင်လို့ပါ။)

3

အိုးထဲ ဆီထည့်ပြီး အပူပေးကာ နှပ်ထားသည့်အသားကို ထည့်ကြော်ပါ။ အသားမှ ထွက်လာ သောအရည်များ ခန်းသည်အထိ ကြော်ပါ။

4

ပြီးလျှင် ရေအနည်းငယ်စီ ထည့်ပြီး အသားနူးသည်အထိ မီးအသေးဆုံးဖြင့် တည်ပါ။ မကြာမကြာ မွှေပေးပါ။

5

အသားနူးလာပါက ဇီရာမှုန့်ထည့်၍ သမအောင်မွှေပြီး ဆီပြန်လာအောင် ထားပါ။

6

အသားနူးအိပြီး ဆီပြန်လာပါက နံနံပင်အုပ်ကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။ နှစ်သက်ပါက ဟင်းအိုးချခါနီးမှာ ကြက်သွန်နီ ခပ်ထူထူအကွင်းများ လှီးထည့်ပေးနိုင်ပါတယ်။

Credit and Ref : https://bit.ly/2GEGYwh

Ingredients

 1 kg ဆိတ်သား – ၁ ကီလို
 100 g ကြက်သွန်ကြော် – ၁ဝဝ ဂရမ်
 1 cup ဒိန်ချဉ် – ရေနွေးပန်းကန်လုံး ၁ လုံး
 1 cup ရှလကာရည်/မန်ကျည်းမှည့်ရည် – ရေနွေးကြမ်းခွက် ၁ ခွက် (ဆေးရန်)
 1 tbsp ချင်း၊ ကြက်သွန်ဖြူ – ၂ ဇွန်း
 1 tsp နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 10 g ဆီ – ၁၀ ကျပ်သား
 1 tbsp ဆား – စားပွဲဇွန်း ၁ ဇွန်း
 1 tbsp ဟင်းခတ်မှုန့် – ၁ ဇွန်း
 1 tbsp ဇီရာ – ၁ ဇွန်း
 10 g နံနံပင် – အနည်းငယ်

Directions