ဆိတ်သားကုလားပဲဟင်းချက်နည်း

1

၁။ ဆိတ်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်

၂။ ကုလားပဲ - လက်တဆုပ်စာ

၃။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၄။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

၅။ ကြက်သွန်နီ - ၁ လုံးခွဲ

၆။ ကြက်သွန်ဖြူ - ၄ မွှာ

၇။ ဂျင်း - လက်တဆစ်

၈။ ဆနွင်း - လက်ဖက်ရည်ဇွန်း တဝက်

၉။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၂ ဇွန်း

၁၀။ သစ်ကြမ်းပိုးခေါက် - ၁ ခု

၁၁။ ကရဝေးရွက် - ၃ ခု

၁၂။ လေးညှင်းပွင့် -၁၀ ခု

၁၃။ မဆလာ - လက်ဖက်ရည်ဇွန်း တဝက်

၁၄။ ဆီ - ထမင်းစားဇွန်း ၉ ဇွန်း

၁၅။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း

၁၆။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

=======
ပြုလုပ်နည်း
=======

၁။ ဆိတ်သား (သို့) အမဲသားကို သန့်စင်အောင်ဆေးပြီး ရှာလကာရည်ထည့်ရျ် နယ်ပြီး အနည်းဆုံး နာရီဝက်ခန့်နှပ်ထားပါ။ ပြီးလျှင် ရေဖြင့် ၃ ခါပြန်ဆေးပါ။ (ဆိတ်သားအညှီနံ့များပျောက်ပါတယ်။) ကုလားပဲကို မချက်ခင်ရှေ့တရက် နေ့လည်ကတည်းက ဆော်ဒါ နှင့် ရေနွေးကိုထည့်ရျ် စိမ်ထားပါ။

၂။ နောက်နေ့မနက်ချက်မည်ဆိုမှ ရေစိမ်ထားသော ကုလားပဲကို ရေဖြင့် တခါပြန်ဆေးပြီး ရေစစ်ထားပါ။ ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။

၃။ သန့်စင်ထားသော အသားများထဲကို ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ ထည့်၊ ငံပြာရည်၊ သကြားတို့ကိုထည့်ရျ် နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။

၄။ ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်နီများကိုထည့်ကြော်ပါ။ ကြက်သွန်နီများ ရွှေဝါရောင်ပြောင်းလာလျှင် ဆနွင်း၊ အရောင်တင်မှုန့်နှင့် ငရုတ်သီးမှုန့်၊ သစ်ကြမ်းပိုးခေါက်၊ ကရဝေးရွက်၊ လေးညှင်းပွင့်တို့ကိုထည့်ရျ် ဆီသတ်ပါ။ ပြီးလျှင် လေးညှင်းပွင့်ကို ဖယ်ရျ်လွှင့်ပစ်လိုက်ပါ။

၅။ ထို့နောက် နှပ်ထားသော အသားများကို ထည့်လုံးပါ။ အသားများလုံးပြီးလျှင် ရေကို အသားများမြုပ်အောင်ထည့်ပြီးတည်ထားပါ။

၆။ ပြီးလျှင် အသားနူးမနူးကိုကြည့်ရျ် မနူးသေးလျှင် ရေထက်ထည့်ပါ။ အသားနူးခါနီးတွင် ရေစစ်ထားသော ကုလားပဲများကိုထည့်ရျ် ကုလားပဲနှင့်အသားများမြုပ်အောင်ရေတခါထပ်ထည့်ပါ။ ထို့နောက် ဆီပြန်လာသည်အထိတည်ပါ။

၇။ ဆီပြန်လာလျှင် မီးဖိုပေါ်မှမချခင် မဆလာထည့်ပြီးမွှေပါ။ ထို့နောက်မီးဖိုပေါ်မှချပါ။

၈။ အနံ့မွှေးမွှေးနဲ့အရသာအလွန်ရှိတဲ့ ဆိတ်သားကုလားပဲဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။

Credit : Facebook Shares

Ingredients

Directions