စွန်တာနီပဲ ပြည်ပန်းညိုအုပ်ဟင်းရည်

1

စွန်တာနီပဲ ပြည်ပန်းညိုအုပ်ဟင်းရည်

အညာက အိမ်တိုင်းမှာ ပြည်ပန်းညိုပင်လေးတွေ ရှိတတ်ပါတယ်။ ပြည်ပန်းညိုကို ပဲဟင်းအခတ်အနေနဲ့ အဓိကသုံးကြသလို ဟင်းရွက်စုံဟင်းချိုနဲ့ တို့စရာအဖြစ်လည်း စားသုံးကြပါတယ်။ စွန်တာနီပဲနဲ့ ပြည်ပန်းညိုဟာ အလွန်လိုက်ဖက်တဲ့ ဟင်းတွဲပါ။ စွန်တာနီပဲ ပြည်ပန်းညိုအုပ်ချက်၊ ငရုတ်သီးဆားအညာထောင်း၊ ဆိတ်သားခြောက်ဖုတ်၊ ဝက်သား ကြော် အညာပဲပင်ချဉ်သုပ်လေးနဲ့ဆိုရင် ရိုးရှင်းပြီး စားလို့အလွန်ကောင်းတဲ့ အညာထမင်းဝိုင်းလေး ဖြစ်နေမှာ အမှန်ပါပဲ။

ပါဝင်ပစ္စည်းများ
စွန်တာနီပဲ - ၂၅ ကျပ်သား
ပြည်ပန်းညို - လက်တစ်ဆုပ်ပြည့်ပြည့်
ကြက်သွန်နီ - ၁ ဥ
ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
နနွင်းမှုန့် - ဇွန်းဖျားနှင့် အနည်းငယ်
ဆား - အနည်းငယ်

ပြုလုပ်နည်း
စွန်တာနီပဲကို အခွံချွတ်ပြီး ရေဆေး၍ ချက်မည့်အိုးထဲ ထည့်ပါ။ ကြက်သွန်နီ တစ်ဥကို လှီးထည့်ပြီး နနွင်းမှုန့် ခတ်၍ ဆီထည့်ကာ ရေကို ပဲမြုပ်ရုံထည့်တည်ထားပါ။ ပဲဟင်းချက်သည့်အခါ ရေအများကြီး ထည့်ပြုတ်လျှင် ပဲက အနူးမလွယ်တတ်ပါဘူး။ ရေမြုပ်ရုံထည့်တည်ပြီး မနူးမချင်း ရေလိုက်ချက်လျှင် ပဲက ခဏလေးနဲ့ နူးပါတယ်။ ပဲနူးပြီဆိုလျှင် လိုအပ်သလောက် ရေထည့်တည်ပြီး ဆားထည့်ကာ (အဲဒီပဲရဲ့ အရသာက ဆားတစ်မျိုးတည်းနဲ့ လုံလောက်ပါတယ်။ ဟင်းခတ်မှုန့်မလိုပါဘူး) ပြည်ပန်းညိုကို ခတ်လိုက်လျှင် မွှေးပြီး အလွန်အရသာရှိတဲ့ အညာ စွန်တာနီပဲ ပြည်ပန်းညိုအုပ်
ဟင်းရည်လေး ရပါပြီ။
...............
Crd
ပန်းခရေ See less

Credit : Facebook Shares

Ingredients

Directions