စူကာညွန့်သုပ်

1

စူကာညွန့်သုပ်
--------------------
စူကာညွန့်လို့ခေါ်တဲ့ ဂေါ်ရခါးညွန့်ကို
အများဆုံးကြော်စားလေ့ရှိပါတယ်။ သုပ်ပြီး စားတဲ့သူကတော့ နည်းမယ်လို့ ထင်ပါတယ်။ ချဉ်စပ်ကြိုက်သူတွေ အတွက်တော့ ထိုင်း Slad Dressing နဲ့သုပ်တဲ့ စူကာညွန့်သုပ်နည်းလေး ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• စူကာညွန့် - ၄ စည်း (ေြွခပြီး ရေဆေးပါ)
• သီဟိုဠ်စေ့လှော် - စားပွဲဇွန်း ၂ ဇွန်း
(မညက်တညက်ထောင်းပါ)
• ကြက်သွန်နီ - ၄၀ ဂရမ် (ပါးပါးလှီးပါ)
• ကြက်သွန်ဖြူဆီချက် - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်ကောင်းအမည်းစေ့ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ကြက်သွန်ဖြူ - ၂ မြွှာ
• ငရုတ်သီးစိမ်း/နီ - ၁၄ ဂရမ်
• ပဲငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
• သံပရာရည် - စားပွဲဇွန်း ၃ ဇွန်း
• ထန်းလျက် (သို့) သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းအမည်းစေ့ကို ညက်အောင် ထောင်းပါ။ ပြီးလျှင် ငရုတ်သီး စိမ်းထည့်ပြီး ဆက်၍ထောင်းပါ။ ညက်သွားလျှင် ထန်းလျက် (သို့) သကြားထည့်ပြီး ထောင်းပါ။ ပြီးလျှင် ပဲငံပြာရည်၊ သံပရာရည်ထည့်ပြီး မွှေပါ။ ပြီးလျှင် ပန်းကန်လုံး အသေး ထဲ ထည့်ထားပါ။ ပြီးလျှင် စူကာညွန့်သုပ်အတွက် Salad Dressing ရပါပြီ။
၂။ စူကာညွန့်ပြုတ်ဖို့အတွက် ရေနွေးအိုးတည်ပါ။ ရေနွေးဆူလျှင် ဆားနည်းနည်း၊ ဆီ နည်းနည်း ထည့်ပါ။
၃။ ပြီးလျှင် စူကာညွန့်ထည့်ပြီး ပြုတ်ပါ။ ပြီးလျှင် ဆယ်ယူ၍ ရေခဲရေထဲထည့်ပြီး စိမ်ပါ။
၄။ ပြီးလျှင် ရေခဲရေထဲမှ ဆယ်ယူပြီး ဆန်ခါနဲ့ စစ်ထားပါ။
၅။ အသုပ်သုပ်မည့် ဇလုံထဲ ပြုတ်ထားတဲ့ စူကာညွန့်ထည့်ပါ။ ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူဆီချက်၊ အဆင်သင့်စပ်ထားတဲ့ Salad Dressing လောင်းထည့်ပြီး ဖွဖွလေးနယ်ပါ။
၆။ ပြီးလျှင် စားမည့်ပန်းကန်ထဲထည့်ပြီး သီဟိုဠ်စေ့လှော် ဖြူးပါ။
-----------------------------------------------------------
Credit Myint Oo Tha See less

Credit : Facebook Shares

Ingredients

Directions