စီချွမ်ဝက်နားရွက်သုပ်

1

စီချွမ်ဝက်နားရွက်သုပ်

ဝက်နားရွက်..........၁ခု
ချင်းသေးသေး.......၁တက်
ကြက်သွန်ဖြူ.........၃တက်
သံပုရာသီး............၁လုံး
နံနံပင်.. ..............အနည်းငယ်။
စီချွမ်ငရုတ်နှစ်........၁ဇွန်း

စီချွမ်ငရုတ်နှစ်ဆိုတာ..တရုတ်ပြည်ကတင်သွင်းတဲ့ဆီတိုဟူး၊မှိုကြော်စတာတွေကိုပုလင်းနဲ့စည်သွပ်ထားတဲ့ပုံစံလေးတွေပါ။အဖုံးအနီ၊တံဆိပ်ပတ်အနီရောင်မှာမျက်မှန်နဲ့လူတစ်ဦးပုံပါတတ်တဲ့တံဆိပ်မျိုးပါ။
တခြားအရသာကောင်းမယ့်စီချွမ်ငရုတ်အနှစ်များလဲသုံးနိူင်ပါတယ်။

စီချွမ်ငရုတ်သီးအနှစ်ဟာတခြားဟင်းခတ်အမွှေးအကြိုင်တွေနှင့်အတူရောပြီးဆီသတ်ထားတာကြောင့်ထမင်းဖြူနဲ့ဒီတိုင်းနယ်စားလဲအရသာရှိလှပါ
တယ်။

ဝက်နားရွက်ကိုရေဆေးပြီးအရသာနယ်ကာ..ချင်းတစ်တက်လောက်ဓားပြားရိုက်ထည့်ပြီးပြုတ်ပါ။

အရမ်းနှုးအောင်ပြုတ်ဖို့မလိုအပ်ပဲခပ်ကြွပ်ကြွပ်လေးဖြစ်နေဖို့သတိထားပြီးပြုတ်ပါ။

ချင်းနှင့်ကြက်သွန်ဖြူကိုရောပြီးညှက်နေအောင်ထောင်းပြီးရေလေးအနည်းငယ်နှင့်ဖျော်ထားပေးပါ။

ဝက်နားရွက်နှုးတဲ့အခါပါးပါးလေးလှီးပါ။

စီချွမ်ငရုတ်အနှစ်၊သကြား၊ပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့်၊သံပုရာရည်လေးညှစ်ပြီးချင်းနှင့်ကြက်သွန်ဖြူရောထောင်းထားသောအရည်လေးဆမ်းကာခပ်ဖွဖွနယ်ပေးပါ။

နှမ်းလှော် နှင့်နံနံပင်လေးအလှဆင်လိုက်ရင်လွယ်ကူရိုးရှင်းပြီးမွှေးရနံ့သင်းပျံ့တဲ့စီချွမ်ဝက်နားရွက်သုပ်လေးအဆင်သင့်ဖြစ်ပြန်ပါပြီ။

credit...ဟင်းချက်နည်းများ

Credit : Facebook Shares

Ingredients

Directions