စပ်ပြဲလန် ခေါက်ဆွဲထောင်း

1

စပ်ပြဲလန် ခေါက်ဆွဲထောင်း

မြင်တာနဲ့ သွားရည်ယိုစေမယ့်၊ စားလိုက်တာနဲ့ အရသာစွဲညိစေမယ့် စပ်ပြဲလန်ခေါက်ဆွဲထောင်းလေးပါလို့

ဒီအပတ်တော့ ချဉ်ချဉ်စပ်စပ်လေးစားလို့ရအောင်လို့ စပ်ပြဲလန် ခေါက်ဆွဲထောင်းနည်းလေးတင်ပေးလိုက်ပါတယ်။ ပုဇွန်၊ ငါးဖယ်လုံး၊ ကြက်အူချောင်းတို့ပါဝင်လို့အသားအစုံလေးနဲ့ ချဉ်ချဉ်စပ်စပ်လေး စားလို့အလွန်ကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ချဉ်စပ်ခေါက်ဆွဲခြောက် - ၁ ထုပ် (ခေါက်ဆွဲခြောက်ထဲမှ အနှစ်ထုပ်များကိုပါထောင်းတဲ့အထဲထည့်မှာပါ။)
၂။ ခေါင်းမပါသောပုဇွန် - ၅ ကောင်
၃။ ငါးဖယ်လုံး - ၇ လုံး
၄။ တရုတ်ကြက်အူချောင်း (သို့) တရုတ်ဝက်အူချောင်း - ၁ ချောင်း
၅။ အပ်မှို - ၁၀၀ ဂရမ်
၆။ ပဲသီးတောင့်ရှည် - ၂ ချောင်း
၇။ ကြက်သွန်ဖြူ - ၂ မွှာ
၈။ ငရုတ်သီးစိမ်း - ၆ တောင့် (အစပ်ကြိုက်လျှင်ပိုထည့်ပါ။)
၉။ ထန်းလျက်ခဲ - ၂ ခဲ
၁၀။ ငပိ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၁။ မြေပဲလှော် - ထမင်းစားဇွန်း ၂ ဇွန်း
၁၂။ ပုဇွန်ခြောက် - ထမင်းစားဇွန်း ၂ ဇွန်း
၁၃။ သံပုရာသီး - ၁ လုံး
၁၄။ ငါးငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (သို့) ၁ ဇွန်းခွဲ
၁၅။ ခရမ်းချဉ်သီး - ၁ လုံး
၁၆။ ရေ - ထမင်းစားဇွန်း ၆ ဇွန်း
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml) (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)

ပြုလုပ်နည်း
၁။ ပုဇွန်ကိုကျောခွဲပြီး ကျောမှအညစ်အကြေးထုတ်ရ်ျသန့်စင်ထားပါ။ (အခွံမနွှာရပါ။)
၂။ ရေနွေးအိုးတလုံးတည်ရ်ျ အပ်မှိုကို ၁ မိနစ်ခန့်ထည့်ပြုတ်ပြီး ပြန်ဆယ်၊ ရေအေးဖြင့်ဆေးပြီး ရေစစ်ထားပါ။
၃။ ခေါက်ဆွဲကိုလဲ ခပ်မာမာလေးပြုတ်ပြီး ရေအေးဖြင့်ရေဆေးရ်ျ ရေစစ်ထားပါ။
၄။ ရေနွေးအိုးတအိုးထပ်တည်ပြီး ကြက်အူချောင်း/ဝက်အူချောင်းကိုထည့်ပြုတ်၊ ပြီးရင် ပုဇွန်ထည့်ပြီး ၃ မိနစ်လောက်နေရင် အကုန်လုံးကိုပြန်ဆယ်၊ ရေအေးဖြင့်ဆေးပြီး ရေစစ်ထားပါ။
၅။ ကြက်အူချောင်း/ဝက်အူချောင်းကို ကြိုက်နှစ်သက်သလိုလှီးထားပါ။ ခရမ်းချဉ်သီးကို မထူမပါးလှီးထားပါ။ ပဲသီးတောင့်ရှည်ကို ရေဆေးသန့်စင်ပြီး ၂ လက်မ အရှည်လောက်လှီးထားပါ။
၆။ ခေါက်ဆွဲထောင်းရန်အတွက် အားလုံးအဆင်သင့်ဖြစ်ရင် ငရုတ်သီးကိုအရင်ထည့်ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူကို ထည့်ထောင်းပါ။ မညက်တညက်အနေအထားမှာထန်းလျက်၊ငပိ နှင့် ပုဇွန်ခြောက်တို့ကို ထည့်ထောင်းပါ။ ထို့နောက် သံပုရာသီးအရည်ညှစ်၊ ခေါက်ဆွဲခြောက်ထုပ်မှ အနှစ်နှင့် အမှုန့်များအကုန်ထည့်၊ ရေထည့်၊ ငါးငံပြာရည်ထည့်ပြီး သမအောင်လုပ်ပါ။
၇။ အနှစ်ရလျှင် ပထမဆုံးမြေပဲလှော် မညက်တညက်ထောင်း၊နောက် ပဲသီးတောင့်ရှည်ကို ထည့်ရ်ျ ဖွဖွထောင်းပါ။ (ပဲသီးတောင့်ထဲအရသာဝင်သွားရုံလောက်သာထောင်းပါ။) ပြီးလျှင် ပုဇွန်၊ ငါးဖယ်၊ ကြက်အူချောင်း/ဝက်အူချောင်းတို့ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ (အားလုံးသမအောင်လုပ်ရာတွင် လက်တဖက်က ဟင်းခတ်ဇွန်းခပ်ကြီးကြီးဖြင့် အထပ်အောက်သမပေး၊ နောက်လက်တဖက်က ငရုတ်ကြည်ပွေ့ဖြင့် ခပ်ဖွဖွထောင်းပါ။ ခရမ်းချဉ်သီးထည့်ထောင်း၊ နောက်ဆုံးမှ အပ်မှိုနှင့် ခေါက်ဆွဲကိုထည့်ရ်ျ သမအောင်လုပ်ပါ။
၈။ စားလို့အလွန်ကောင်းတဲ့ စပ်ပြဲလန် ခေါက်ဆွဲထောင်းကို မြိန်လျက်စွာသုံးဆောင်နိုင်ပါပြီရှင်။
#EiSansHomemadeInspiration

Credit : Facebook Shares

Ingredients

Directions