စတော်ဘယ်ရီ ဆနွင်းမကင်

1

စတော်ဘယ်ရီ ဆနွင်းမကင်း
အသစ်အဆန်းလေးနဲ့အချိုပွဲလေးစားချင်သူများအတွက် စတော်ဘယ်ရီဆနွင်းမကင်းပါ။ စတော်ဘယ်ရီ အနံမွှေးမွှေးလေးနဲ့အရမ်းကိုစားကောင်းတဲ့အချိုပွဲလေးပါ။

ပါဝင်သောပစ္စည်းများ
၁။ စတော်ဘယ်ရီ - ၂၅ ကျပ်သား (သို့) ၁ ပေါင်(စတော်ဘယ်ရီ ခြင်းကြီးတခြင်းစာ)
၂။ နို့စိမ်း - ခွက် တ ဝက် (ထမင်းစားဇွန်း ၈ ဇွန်း)
၃။ နို့ဆီ - ခွက် တဝက် (ထမင်းစားဇွန်း ၈ ဇွန်း)
၄။ သကြား - ခွက် လေးပုံသုံးပုံ (ထမင်းစားဇွန်း ၁၂ ဇွန်း)
၅။ ရွှေကြည်- ခွက် တဝက် ( ထမင်းစားဇွန်း ၈ ဇွန်း)
၆။ ဂျုံမှု န့်- ခွက် တဝက် (ထမင်းစားဇွန်း ၈ ဇွန်း)
၇။ အုံးသီးဖတ် - ခွက် တ ဝက် (ထမင်းစားဇွန်း ၈ ဇွန်း)
၈။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၉။ ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း(ထောပတ်က ခဲနေတာ ကိုသုံးလျှင် ပိုကောင်းပါသည်။ အရည်ပျော်နေလျျင် အရည်ကျဲကျဲဖြစ်တတ်ပါသည်။ မခဲလျှင် ရေခဲသေတ္တာထဲ ခနထည့်ထားပြီးမှ သုံးလျှင် ပိုကောင်းပါသည်။)
၁၀။ စားသောဆိုးဆေး အနီရောင်- ၂ စက်
၁၁။ ဘိန်းစေ့ - အနည်းငယ်

ပြုလုပ်နည်း
၁။ စတော်ဘယ်ရီကို ရေဆေးပြီး အညှာချွေထားပါ။ oven ကို ၃၅၀ ' F (175'C) မှာအပူပေးထားပါ။
၂။ စတော်ဘယ်ရီကို လက်နှင့်ခြေပါ။ နို့ဆီ၊ နို့စိမ်း၊ သကြား၊ ဆား ၊ ထောပတ်၊ စားသောဆိုးဆေး အနီရောင်တို့ကို blender ထဲထည့်ပြီး မွှေပါ။ (အိမ်မှာ လက်နှင့်ခြေတာကော စက်နှင့်ခြေတာကော ၂ မျိုးလုပ်ကြည့်တာ လက်နှင့်ခြေတာက ပိုကောင်းပါသည်။)
၃။ ထို့နောက် ဇလုံတခုထဲသို့ထည့်ရျ် ဂျုံမှုန့်၊ ရွှေကြည်တို့ဖြင့်သမအောင်မွှေပါ။
၄။ မုန့်ဖုတ်မည့် ဗန်းကို ထောပတ်(သို့)ဆီသုတ်ပြီး မုန့်အနှစ်များကို ထည့်ပါ။ အပေါ် မှ ဘိန်းစေ့များ နှံ့အောင်ဖြူ းပြီး အပူချိန် ၃၅၀ 'F (175'C) မှာ ၄၅မိနစ် ဖုတ်ပါ။
၅။ အအေးခံရျ် ကြိုက်သော အရွယ်ဖြတ်ပြီး သုံးဆောင်နိုင်ပါပြီ။

(၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် တခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
(ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
#credit

Credit : Facebook Shares

Ingredients

Directions