ငှက်ပျောဖူးချဉ်စပ်ချက်နည်း

1

ငှက်ပျောဖူးကို အပေါ်က အရင့်ပိုင်းတွေ နွှာပစ်ပြီး အတွင်းက အဖူးအနုပိုင်းလေး ကို ပါးပါးလှီးပြီး မန်ကျည်းသီးထည့်ဖျော်ထားတဲ့ ရေထဲမှာ စိမ်ပေးပါ (အဲ့ဒီလို စိမ်လိုက်ခြင်းအားဖြင့် ငှက်ပျောဖူး မဲမသွားစေတဲ့ အပြင် ငှက်ပျောဖူးမှာရှိတဲ့ အစေးတွေလည်း သက်သာသွားစေပါတယ်)။ ပြီးတော့ ဆားနဲ့နယ်ပြီး ၃ ခါလောက် ရေဆေးပစ်ပါ၊

ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ရေဆေးပေးထားပါ။ စပါးလင်ကို အပြင်က အခွံကြမ်းတွေဖယ်ပစ်၊ အတွင်းက အနုပိုင်းလေးတွေကို ခပ်ပါးပါးလှီး ပေးထားပါ။

ကြက်သွန်နီထဲက အရွယ်တော်အလုံး နှစ်လုံးလောက်ကို ခပ်ပါးပါးလှီးပေးထားပြီး ကျန်တဲ့ အလုံးသေးလေးတွေကို ဒီအတိုင်း သပ်သပ်ဖယ်ထားပါ။ ပြီးရင် ငရုတ်ဆုံထဲကို ပုစွန်ခြောက်၊ မရမ်းပြား (မရမ်းပြားမရှိရင် မန်ကျည်းနှစ်ကို ထည့်နိုင်ပါတယ်)နဲ့ စပါးလင်ထည့်ပြီး ထောင်းပေးပါ၊ စပါးလင်ညက်ပြီဆိုရင်တော့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူထည့်ထောင်းပါ၊ ပြီးရင်တော့ ကြက်သွန်နီ ထည့်ထောင်းပေးပါ။ ပြီးတော့မှ ငှက်ပျောဖူးတွေကို ရေထဲကနေဆယ်ယူပြီး ရေစင်အောင် စကာထဲထည့်ပြီး ရေစစ်ပေးထားပါ။

ပြီးရင် အိုးတစ်လုံးထဲကို ငှက်ပျောဖူးနဲ့ အဆာပလာအားလုံးထည့်၊ ဆား၊ ငါးပိစိမ်းစားအနည်းငယ်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ကိုပါ ထည့်ပြီး သမအောင် နယ်ပေးပြီး တည်ပေးပါ။ ငှက်ပျောဖူးက ထွက်လာတဲ့အရည်နဲ့ အရင်တည်ပေးပါ။ အဲ့ဒီအရည်ခမ်းပြီဆိုရင်တော့ နောက်ထပ် ငှက်ပျောဖူးမြုပ်ရုံရေထည့်ပြီး မီးအသင့်အတင့်နဲ့ နှပ်ပေးပါ။ ငှက်ပျောဖူးထဲ အရသာလည်းဝင်ပြီး နူးအိနေစေပါ တယ်။
စပါးလင်နံ့သင်းပြီး ချဉ်ငံစပ်အရသာလေးနဲ့ စားရတာ အလွန်ထမင်းမြိန် စေပါတယ်နော်။ စမ်းပြီး ချက်ကြည့်ကြပါဦးလို့

Credit : Facebook Shares

Ingredients

Directions