ငှက်ပျောဖူးကြော်

1

ငှက်ပျောဖူးကြော်

ငှက်ပျောဖူးကို ငယ်စဉ်ကတည်းက စားနေကျဆိုတော့ သုပ်စားလည်း ကြိုက်တယ်။ ချက်စားလည်း ကြိုက်တယ်။ အချဉ်တည်ပြီး သုပ်စားလည်း ကြိုက်တယ်။ ဒီတစ်ခါတော့ ပဲပုပ်နဲ့ ကြော်ထားတဲ့ ငှက်ပျောဖူးကြော်နည်းလေးကို ရေးပေးထားပါတယ်။ ငရုတ်သီးစိမ်းများများနဲ့မို့ စပ်စပ်လေးနဲ့ မွှေးနေတဲ့ ဟင်းတစ်ခွက်ပါ။

ပါဝင်ပစ္စည်းများ
ငှက်ပျောဖူး - ၁ ဖူး
သံပရာသီး - ၂ လုံး
ဆား - စားပွဲဇွန်း ၁/၂ ဇွန်း
ပဲပုပ် - ၂၅ ဂရမ် (ရေစိမ်ထားပါ)
ခရမ်းချဉ်သီး - ၁၄၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)
ငရုတ်သီးစိမ်း - ၁၂ တောင့် (ပါးပါးလှီးထားပါ)
နံနံပင် - ၃ ပင် (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ - ၁၅ ဂရမ် (ပါးပါးလှီးထားပါ)
ကြက်သွန်နီ - ၇၅ ဂရမ် (ကြက်သွန်နီပါးပါးလှီးထားပါ)
ဆီ - စားပွဲဇွန်း ၂ ဇွန်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ - ၄၀ဝ မီလီလီတာ

ပြုလုပ်နည်း
၁။ ငှက်ပျောဖူးအနီရောင် အကြမ်းဖတ်များကို ခွာပစ်ပြီး အဝါနုရောင်အဖတ်များ ရအောင် ခွာယူပါ။
၂။ ပြီးလျှင် ရေဇလုံထဲ ဆားနှင့် သံပရာရည် ညှစ်ထည့်ထားပါ။
၃။ ငှက်ပျောဖူးနုနုအဖတ်များကို ပါးပါးလှီးပြီး ဆားနှင့် သံပရာ ရည်ထည့်ထားတဲ့ ဇလုံထဲထည့်ပါ။ ပြီးလျှင် စိမ်ထားပါ။
၄။ ဆီအိုးတည်ပြီး ဆီပူသည်နှင့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ထည့်ကာ ဆီသတ်ပါ။
၅။ ပြီးလျှင် ခရမ်းချဉ်သီးထည့်ပြီး ကြေအောင်ခြေပါ။ ပြီးလျှင် ပဲပုပ်ထည့်ပြီး မွှေပါ။ ရေ ၄ ဇွန်းထည့်ပြီး မွှေပါ။
၆။ ခရမ်းချဉ်သီးနှင့် ပဲပုပ်ကြေလျှင် ရေဇလုံထဲမှာ ငှက်ပျောဖူး ကို အစေးများထွက်သွား အောင် ရေညှစ်ထုတ်ပြီး ထည့်ပါ။
၇။ ပြီးလျှင် ရေထည့်ပြီး ဆားနှင့် အသားမှုန့်ထည့်ပါ။ အဖုံးဖုံးပြီး ချက်ပါ။
၈။ ရေခန်း၍ ငှက်ပျောဖူးနူးပြီး ငရုတ်သီးစိမ်း၊ နံနံပင်ထည့် မွှေပြီးလျှင် အဆင်သင့်ဖြစ်ပါပြီ။
.....................................

Crd
MyintOoTha

Credit : Facebook Shares

Ingredients

Directions