ငါးသံပုရာပေါင်း ပေါင်းနည်း

1

ဒီနည်းက ယိုးဒယားငံပြာရည်ကိုသုံးထားပြီး ချဉ်ငံစပ်လေးမို့လို့မြန်မာပါးစပ်နဲ့အရမ်းကိုကိုက်ပါတယ်။

အရည်ကိုလဲ ထမင်းနဲ့စမ်းစားလို့ကောင်းလို့ထမင်းမြိန်စေမယ့် ဟင်းလေးပါ။

၁။ စလားဗီးယားငါး (သို့) ကကတစ်ငါး - ၁ ကောင်

၂။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း

၃။ ရေ - ၁ ခွက်

၄။ သံပုရာသီး -၁ လုံး

၅။ ငရုတ်သီး - ၃ တောင့် (သို့)၅ တောင့်

၆။ ယိုးဒယားငံပြာရည် -ထမင်းစားဇွန်း ၁ ဇွန်း

၇။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၈။ ကြက်သွန်ဖြူ - ၂ တက်

၉။ ဂျင်း - လက်တ ဆစ်

========
ပြုလုပ်နည်း
========

၁။ ငါးကိုရေဆေးရျ် ရေစစ်ထားပြီး ပန်းကန်ပြားတခုထဲထည့်ထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ငရုတ်သီးကို ကပ်ကျေးဖြင့် အလယ်မှနေရျ် ဒေါင်လိုက်ညှပ်ထားပါ။

၂။ ဂျင်းကို ညက်အောင်ထောင်းပြီး ဂျင်းမှအ၇ည်ကို ငါးရဲ့၂ဖက်လုံးပေါ်ကို ညှစ်ချပါ။ (ဂျင်းဖတ်များမယူပါ။)

၃။ ကြက်သားမှုန့်ကို ရေ တခွက်ထဲတွင် ပျော်သွားအောင်ဖျော်ပါ။

၄။ ကြက်သားမှုန့်ဖျော်ထားသောအရည်ထဲမှ ထမင်းစားဇွန်း ၂ ဇွန်းကို ငါးပေါ်ဆမ်းပါ။ ပြီးနောက် ပေါင်းအိုးထဲတွင်ငါး ကို ၁၅ မိနစ်ခန့်ပေါင်းပါ။ ပေါင်းပီး ထွက်လာသောအရည်များကိုသွန်ပဟ်လိုက်ပါ။

၅။ ဒယ်အိုးတခုထဲတွင် ကျန်သောကြက်သားမှုန့်ရေဖျော်ထားသော အ၇ည်ကို တည်ပါ။ ထို့နောက် ကြက်သွန်ဖြူ နှင့် ငရုတ်သီးထည့်ပါ။

၆။ ငံပြာရည် နှင့် သကြားကို ထည့်ပါ။ သံပုရာသီးကို အလှဆင်ရန် သုံး ဝိုင်းလှီးပြီး ကျန်တာကို အ၇ည်ညှစ်ယူပါ။ သံပုရာ၇ည်ကိုနည်းနည်းချင်းထည့်ရျ် အ၇သာမြည်းကြည့်ပါ။

၇။ ပြီးလျှင် အိုးထဲမှ အရည်ကို ငါးပေါ်ကိုလောင်းချလိုက်ပါ။ သုံးဆောင်နိုင်ပါပြီ။

(၁ခွက် =240 ml= ရိုးရိုးကော်ဖီခွက် ၁ခွက် = ထမင်းစားဇွန်း ၁၆ဇွန်း)

( ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Credit : Facebook Shares

Ingredients

Directions