ငါးသေတ္တာသောက်စမ်းဟင်းရည်

ငါးသေတ္တာသောက်စမ်းဟင်းရည်..

1

ငါးသေတ္တာကို ခေါင်းများဖြုတ်ပစ်ပြီး ရေဆေးပါ။

ပြီးမှအရသာမှုန့် ဆနွင်းပါရုံလေးထည့်နယ်ပြီး နှပ်ထားပေးပါ။

ငပိစိမ်းစားတစ်တုံးကို ရေနွေးအနည်းငယ်ထည့်ပြီး အရည်ဖျော်ထားပေးပါ။

ငရုတ်သီးစိမ်း ငရုတ်ကောင်း ကြက်သွန်ဖြူ စပါးလင်ထောင်းထားပေးပါ။

ကြက်သွန်နီ ၂လုံးပါးပါးလှီးထားပေးပါ။ ချက်မယ့်အိုးထဲသို့ ငါးသေတ္တာ နဲ့ ထောင်းထားသောအရာများထည့်ပါ။

လှီးထားသောကြက်သွန်နီလည်းတစ်ပါတည်းထည့်ပါ။

ရေအနည်းငယ်သာထည့်ပြီးအရင်တည်ထားပါ။

အိုးထဲကရေခမ်းခါနီးမှ စားနိုင်မယ့်ရေပမာဏထည့်ပါ။

ဆား ကြက်သားမှုန့် နှင့် ဖျော်ထားသောငပိစိမ်းစားအရည်ထည့်ပါ။ ဆူလာသည်အထိတည်ထားပါ။

ဆူပြီဆိုမှ မန်ကျည်းမှည့်အရည် သို့ သံပုရာအရည် ညှစ်ထည့်ပါ။

#မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။

Credit: Facebook Share

Ingredients

Directions