ငါးသေတ္တာထမင်းကြော်နည်း

1

ထမင်း ပန်းကန်လုံး ၂ လုံး

ငါးသေတ္တာ ဘူးကြီး ၁ ဘူး

ကန်စွန်းရွက် ၄ ပင်

မုန်လာဥနီ ၁ ဥ

ကြက်ဥ ၁ လုံး

ကြက်သွန်ဖြူ ၃ မွှာ

ကြက်သွန်နီ ဥသေး ၁ ဥ

ဂျင်း အနည်းငယ်

ရှောက်ရွက် ၇ ရွက်

ဆီ ၁ ဇွန်းခွဲ (ဟင်းချက်ဇွန်း)

ဆား ၁ ဇွန်း (လက်ဖက်ရည်ဇွန်း )

ပဲငံပြာရည်အကြည် ၁ ဇွန်း (စားပွဲတင်ဇွန်း)

ငရုတ်ကောင်းမှုန့် အနည်းငယ်

ခရုဆီ စားပွဲတင်ဇွန်းတစ်ဝက်

============
ပြင်ဆင်ပြုလုပ်နည်း
============

ပထမဆုံး ထမင်းကိုဆားနှင့်နယ်ထားပါ ။ ငါးသေတ္တာဗူးကိုဖောက်ပြီး အနှစ်ကိုဗူးထဲချန်ထားပြီး ငါးတုံးများကိုခပ်ထုတ်ထားပါ ။ ကန်စွန်းရွက်ခြွေထားပါ ။ မုန်လာဥနီ ပါးပါးလှီးထားပါ ။

ဒယ်အိုးထဲတွင် ဆီအနည်းငယ်သာထည့်ပြီး ကန်စွန်းရွက်နွမ်းအောင်ကြော်ပေးပါ ။ ဆားမထည့်ပါနှင့် ။ ပြီးနောက် ပန်းကန်ထဲ ခပ်ထုတ်ထားပါ ။

ကြက်သွန်ဖြူ ၊ ကြက်သွန်နီ အခွံခွာထားပါ ။ ဂျင်းနှင့်ကြက်သွန်ဖြူကို ရောထောင်းထားပါ ။ ကြက်သွန်နီကို လေးစိပ်စိတ်ပါ ။

ဒယ်အိုးထဲဆီထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူ ၊ ဂျင်း ၊ ကြက်သွန်နီတို့ကို ထည့်ဆီသတ်ပါ ။ မုန်လာဥနီထည့်ပါ ။ အနှစ်မခြောက်ခင် ကြက်ဥဖောက်ထည့်ပြီး မွှေပေးပါ ။ ပြီးမှကန်စွန်းရွက်ထည့်ပါ ။ ဗူးထဲတွင်ချန်ထားသော ခရမ်းချဉ်သီးအနှစ် နည်းနည်းထည့်မွှေပါ ။

ဆားနယ်ထားသောထမင်းကိုထည့်ပြီး သမအောင်မွှေပေးပါ ။ ပဲငံပြာရည်အကြည်နှင့် ခရုဆီထည့်ပါ ။ ခပ်ထုတ်ထားသော ငါးသေတ္တာတစ်ဝက်နှင့် ဗူးထဲမှာကျန်သောအနှစ်များ ထည့်မွှေပေးပါ ။ နောက်ဆုံးမှ ငရုတ်ကောင်းမှုန့်ဖြူးပြီး ရှောက်ရွက်ပါးပါး ညှပ်ထည့်ပေးပါ ။

ထမင်းကြော်ကို ပန်းကန်လုံးထဲထည့်ပြီးမှ ပန်းကန်ပြားပေါ် အသာမှောက်ချပါ ။ ချန်ထားသော ငါးသေတ္တာ၊ သခွားချဉ်၊ ကြက်သွန်ဖြူတို့ထည့်ပြီး အလှဆင်ပေးပါ ။ ငါးသေတ္တာထမင်းကြော်မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ ။ ကန်စွန်းရွက်ထည့်ထားတာမို့ ငါးသေတ္တာရဲ့ အကြောတတ်စေတဲ့ ဓာတ်တွေကို ဖယ်ရှားပေးမှာပါ ။

လူကြီးတွေအတွက်လဲအဆင်ပြေ ကလေးတွေအတွက်လဲ အာဟာရဖြစ်စေတာကြောင့် အမြန်ကြော်စားကြည့်လိုက်ကြနော် အိမ်ရှင်မတို့...

Credit : Facebook Shares

Ingredients

Directions