ငါးသလောက်အရိုးဖျောက်ကြော်

1

ငါးသလောက်အရိုးဖျောက်ကြော်

ပါဝင်ပစ္စည်းများ
ငါးသလောက် - ၂၅ ကျပ်သားခန့် (၁ ကောင် )
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့် - ဇွန်းဖျားခန့်
နနွင်းမှုန့် - အနည်းငယ်
ဆီ - ၁၀ ကျပ်သား

ပြုလုပ်နည်း
ငါးသလောက်ကို အကြေးထိုး၊ ပါးဟက်၊ အူနုတ်ပြီး ရေဆေးသန့်စင်ကာ ငါးတစ်ကောင်လုံးရဲ့ လုံးပတ်အတိုင်း မစွေဘဲ တည့်တည့်မွှန်းပါ။ ဓားထက်ထက်နှင့် ခပ်စိတ်စိတ်လေး ပုံပါအတိုင်းမွှန်းပါ။ မွှန်းပြီးလျှင် ဆား၊ အရသာမှုန့်၊ နနွင်းမှုန့်တို့နှင့် နယ်၍ မိနစ်၂၀ ခန့် နှပ်ထားပြီး ကြွပ်ကြွပ်လေး ကြော်ပါ။ အရိုးလေးတွေက သေးသေးနုပ်နုပ်ဖြစ်သွားလို့ အလယ်အရိုးမှ လွဲလျှင် ဝါးစားလို့ရပါတယ်။ ငါးသလောက်လည်းကြိုက်ပြီး အရိုးလည်း ကြောက်သူတွေအတွက် အဆင်ပြေတဲ့ ကြော်နည်းလေးပါရှင်။
.............................
ပန်းခရေ
for Food Magazine See less

Credit : Facebook Shares

Ingredients

Directions