ငါးသစ်တုံး အိုးကပ်ချက်နည်း
ဒီချက်နည်းဟာ ကျွန်မတို့ အမေရဲ့ ချက်နည်းပါရှင်။
ငါးသားလေး....၃၀သား
စပါးလင်.. ၂ပင်
ကြက်သွန်နီ...၃ဥ
ကြက်သွန်ဖြူ.. ၄မွှာ
ငရုပ်သီးအကျက်မှူန့် ထမင်းစားဇွန်းဝက်
ဆား...ထမင်းစားဇွန်းဝက်
ဟင်းခတ်မှူန့်.. လက်ဖက်ဇွန်း၁ဇွန်း
ရေသန့်....ငါးကြင်းဖန်ခွက်၁ခွက်
ဆီ....၁၀သား
မျှင်ငါးပိ.. လက်ဖက်ဇွန်း၁ဇွန်း
============
ချက်နည်းအဆင့်ဆင့်
============
ငါးသားလေးကို ဇကာထဲထည့်၍ အသာပွတ်ဆေးပါ။
၅ကြိမ်ခန့်ဆေးကြောရပါမယ်နော်။
ခုချက်မယ့်နည်းက လုံးချက်လေးပါ။
ငရုပ်သီးအစိမ်းမှူန့် ကြက်သွန်အဖြူနီထောင်းထားတာရယ်
စပါးလင် ဓားပြားရိုက်ထားတာရယ် ဆီ ဆား ဟင်းခတ်မှူန့် ..မျှင်းငါးပိ.. ရေသန့်တို့ထည့်၍ အရင်သမအောင်လုပ်ပါ။ပြီးမှ
ငါးသားလေးနဲ့ ရောပြီး အဖုံးအုပ်ပြီး မီးအေးအေးနဲ့ချက်ပါ။ ချက်နေချိန် လုံးဝမမွှေရပါဘူးနော်။ရေခန်းဆီပြန်လာမှ
ပင်စိမ်းအုပ်ပြီး မီပိတ်သုံးဆောင်နိုင်ပါပြီးရှင်။
##Credit Thida Lay Lay
Credit : Facebook Shares
Ingredients
Directions