ငါးရံ့ ရွဲယိုချက်နည်း

1

ငါးရံ့..၄၀သား

ရွဲယိုရွက်..၂စည်း

စပါးလင်..၂ပင်

ကြက်သွန်နီ.. ၆လုံး

ကြက်သွန်ဖြူ.. အမွှာကြီး၁၀မွှာ

ငရုပ်ပု...၂ကျပ်သား

နနွင်းမှုန့်.. အနည်းငယ်

မျှင်ငါးပိ.. လက်ဖက်ဇွန်း ၁ဇွန်း

ဆီ....၁၀သား

ရေသန့်..500ml..ရေသန့် ဗူးဝက်

ဆား....ထမင်းစားဇွန်းဝက်

ဟင်းခတ် ကြက်သားမှူန့်.....လက်ဖက်ဇွန်း ၁ဇွန်း

==========
ပြုလုပ်ပုံအဆင့်ဆင့်
==========
ပထမဦးစွာငါးရံ့ကိုအနေတော် အကွင်းပုံစံလေးတွေကွင်းပြီးဆေးကြောသန့်စင်ပြီး ဆားနနွင်းဟင်းခတ် မှူန့်တို့ဖြင့်နယ်ထားပါ။

ငရုပ်ပု ရေစိမ်အစေ့ထုတ်ပြီးကြက်သွန်နီ၃လုံး ကြက်သွန်ဖြူ၅မွှာတို့ဖြင့်ရောထောင်းထားပါ။ကျန်ကြက်သွန်ဖြူ နီများကို၄စိတ် စိတ်ထားပါ။

ရွဲယိုရွက် ကို ဆေးကြော၍ တရွက်ကို ၂ပိုင်းခန့်ဖြတ်ထားပါ။

စပါးလင်ကိုဓားပြားရိုက်ပြီး လုံးချည်ထားပါ။

ချက်မည့်အိုးကိုအပူပေးပြီး ဆီထည့်ပါ..ဆီပူလာပါက ထောင်းထားတဲ့ငရုပ်အနှစ်များကိုထည့်၍ မွှေးနေအောင်ဆီသတ်ပါ။

ပြီးပါကငါးထည့်ပါ သမအောင်ကြော်ပြီး ရွဲယိုရွက် နှင့်စပါးလင် ကြက်သွန်ဖြူ နီ စိတ်ထားတာထည့်ပါ အမအောင်အနည်းငယ်မွှေပြီး ရေသန့် ထည်ပြီးအဖုံးအုပ်ပါ။

မီးအေးအေးနဲ့ မီနစ်၂၀ခန့်ထားပြီး ရေခမ်းဆီပြန်လာပြီးဆိုရင်တော့ မီးပိတ် သုံးဆောင်နိုင်ပါပြီးရှင်။

Thida Lay Lay

Credit : Facebook Shares

Ingredients

Directions