ငါးမန်ကျည်းအနှစ်ဆီပြန်ဟင်းချက်နည်း

1

နှစ်သက်ရာငါးအသုံးပြုလို့ရပါတယ်။

ခုကတော့ အရိုးနည်းတဲ့ ငါးပါးနီ ကိုချက်ထားတာပါ။

မန်ကျည်းသီးကို အရည် အဆင်သင့်ဖျော်ပေးထားပါ။

ငါးတုံးအား ဆား ဆနွင်း အချိုမှုန့်နယ်ထားပေးပါ။

ကြက်သွန်နီ ငရုတ်သီးစိမ်း နံနံပင် လှီးထားပါ။ ငရုတ်ခြောက်အနီတောင့် နှင့် ကြက်သွန်ဖြူ ၅မွှာလောက်ကိုထောင်းထားပါ။

လှီးထားသော ကြက်သွန်နီကို ဆီသပ်ပါ။

ကြက်သွန်အရောင်ပြောင်းလာရင် ထောင်းထားသောကြက်သွန်ဖြူနှင့်ငရုတ်ခြောက်နီတောင့်တို့ကိုထည့်ပြီး ဆက်၍ ဆီသပ်ပါ။

ဆီသပ်နေစဉ် အနံကပိုမွှေးစေဖို့ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ကို ထည့်မွှေပေးပါ။

ပြီးမှ အရသာနယ်ထားသောငါးတုံးများ ထည့်ပါ။

ငါးအသားများမာလာပြီဆိုမှ ငရုတ်သီးစိမ်း ရေအနည်းငယ် နှင့် ကြက်သားမှုန့် အနည်းငယ် ထည့်ပြီး ဆူပွက်လာသည်အထိတည်ပေးပါ။

အချဉ်အရသာအတွက် အသင့်ဖျော်ထားသော မန်ကျည်းအရည်ပြီး နောက်တစ်ခါဆူပွက်၍ အဆီပြန်လာသည်အထိတည်ပေးပါ။

မီးဖိုပေါ် အိုးချခါနီးမှ နံနံပင်အုပ်ပါ။

Credit : Facebook Shares

Ingredients

Directions