ငါးဘတ်နှင့်ကင်ပွန်းချဉ်ရွက်ချဉ်စပ်ချက်နည်း

1

ငါးဘတ်.................၃၀ ကျပ်သား

ကင်ပွန်းချဉ်ရွက်..........၃စည်း

ကြက်သွန်နီ.............. ၁လုံး

ကြက်သွန်ဖြူ............... ၅တက်

ငရုတ်ခြောက်တောင့်......၇တောင့်ခန့်

ခရမ်းချဉ်သီးမှည့်............၂လုံး

ငါးဘတ်တွေကိုအနေတော်လေးတုံးပြီးဆားများများထည့်နယ်ကာဖိသိပ်ထားပါ။

ကင်ပွန်းချဉ်ရွက်လေးတွေကိုနုတဲ့အပိုင်းလေးတွေခြွေယူထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးခြောက်တောင့်တွေကိုညှက်နေအောင်ထောင်းပါ။

ခရမ်းချဉ်သီးမှည့်ကိုပါးပါးလှီးပါ။

ဒယ်အိုးတစ်လုံးမှာထောင်းထားတဲ့ကြက်သွန်၊ငရုတ်သီးအရောကိုထည့်ပါ။

နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ဟင်းခတ်မှုန့်၊ ငါးငံပြာရည်ဖြည့်စွက်ကာခရမ်းချဉ်သီးတွေအုပ်ထည့်ပေးပါ။

ဒယ်အိုးပတ်လည်ကိုဆီအနည်းငယ်ကိုလောင်းထည့်ပြီး မီးရှိန်အေးအေးမှာ အဖုံးပိတ်ပြီးချက်ပါ။

ရေခမ်းဆီပြန်လာလျှင် ဆားသိပ်ထားတဲ့ငါးတွေကိုရေဆေးပြီးထည့်ကာသစ်သားယောင်းမလေးနှင့်မွှေပေးပါ။

ကင်ပွန်းချဉ်ရွက်တွေကိုလဲထည့်ပြီးဖြည်းညှင်းစွာမွှေပေးပါ။

မီးရှိန်အေးအေးမှာအဖုံးပိတ်ပြီး(၁၀)မိနစ်ခန့်နှပ်ချက်လေးချက်ပါ။

ရေခပ်စပ်စပ်အနေအထားမှာမီးဖိုပေါ်မှချပါ။

Credit : Facebook Shares

Ingredients

Directions